Passive Income stream တစ်ခုရှိချင်ရင် Blog ရေးပါ

Passive Income Stream လို့ ပြောလိုက်ရင် MLM ကိုပြေးမြင်ချင်ပါတယ်။ MLM တွေ သုံးပြီး စည်းရုံးလို့ အရမ်းကောင်းတဲ့စကားတစ်ခုပေါ့။  အခုပြောမယ့်အကြောင်းအရာကတော့ MLM မဟုတ်ပါဘူး။

Google မှာ Passive income tips ဆိုပြီးရှာလိုက်ရင် tips တွေထဲမှာ blogging ဆိုတာပါလာပါတယ်။ ဒီမှာပြောတဲ့ blogging ဆိုတာကို မြန်မာပြည်မှာ နာမည်ကြီးနေတဲ့ travel blogger တွေ၊ beauty blogger တွေကိုပြောတာမဟုတ်ပါဘူး။ Website တွေပေါ်မှာရေးနေတဲ့ blogger တွေကိုပြောတာပါ။ (Youtuber တွေကိုလည်း ထည့်တွက်လို့ တော့ရပါတယ်)။

မြန်မာပြည်အင်တာနက် မှာက blog ခေတ်ကို ကျော်လွန်သွားကြပါတယ်။ အင်တာနက်တွေ အဆင်ပြေပြေသုံးလို့ ရတဲ့အချိန်မှာ အကုန်လုံးက Facebook ပေါ်ကိုရောက်သွားကြတယ်။ blogger တော်တော်များများလည်း website ပေါ်ကနေ Facebook page ပေါ်ရောက်လာကြတယ်။

နောက်တစ်ချက်ကတော့ မြန်မာပြည်က blogger တွေအတွက် income generation လုပ်ဖို့ opportunity က တော်တော်ခက်ခဲခဲ့ပါတယ်။ Google AdSense ဆိုတာအခုထိ မြန်မာပြည်ကနေ လျှောက်လို့ မရသေးပါဘူး။ Affiliate လုပ်မလားဆိုတော့လည်း မြန်မာပြည်က Audience က affiliate link တွေကနေတဆင့် ပစ္စည်းတွေဝယ်ဖို့ ၊ service တွေဝယ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ အခုထိကိုမဖြစ်သေးတာပါ။ အဲ့ဒီအတွက် web blogger တွေအနေနဲ့ ဝါသနာအရသာ blog ခဲ့ကြပေမယ့် income stream တစ်ခုအနေနဲ့ blogလုပ်တာ နည်းခဲ့ပါတယ်။

နိုင်ငံတကာမှာတော့ တစ်လကို blog ကနေ ဒေါ်လာ သန်းချီဝင်နေတဲ့ သူတွေရှိပါတယ်။ ဒီမှာဖတ်ကြည့်ပါ –https://www.forbes.com/sites/robertadams/2017/03/02/top-income-earning-blogs/#59632f822377

ကျွန်တော်လည်း အစကတော့ မြန်မာပြည်ကနေ blog လုပ်ပြီး ပိုက်ဆံရှာဖို့ မဖြစ်နိုင်ဘူးလို့ တွေးခဲ့ပါတယ်။ blog ရေးတာကိုလည်း ၂၀၁၅ ကတည်းက ရပ်ခဲ့ပါတယ်။ Facebook ပေါ်မှာပဲ နေခဲ့မိတယ်။

၂၀၁၈ ရောက်မှ blog တွေဖက်ကို ပြန်လှည့်ဖြစ်ပါတယ်။ အချိန်နည်းနည်းရလာတာလည်းပါပါတယ်။ အဓိကလုပ်ဖြစ်တာကတော့ SEO စမ်းသပ်ဖို့ အတွက် Keywords အလိုက် Blog တွေဖန်တီးရာကနေ blog ဖက်ကို ပြန်လုပ်ဖြစ်လာတာပါ။ အစကတော့ SEO အတွက်ပဲ blog တွေလုပ်ဖြစ်ရာကနေ မထင်မှတ်ပဲ income တစ်ခု generate လုပ်လို့ ရတာကို မြင်လာပါတယ်။

Blog လုပ်ရင် ဘယ်တွေကနေ ၀င်လာလဲ။

၁။ Google AdSense ကနေ ၀င်ပါတယ်။

ကျွန်တော့် မှာ ၂၀၁၃ ကတည်းလုပ်ထားခဲ့တဲ့ Entertainment blog တစ်ခုရှိပါတယ်။ အဲ့ဒီ blog နဲ့ ပဲ Google AdSense ရပါတယ်။ ၂၀၁၈ အထိ ၅ နှစ်အကြာမှာ အဲ့ဒီ blog မှာတစ်နေ့ ကို traffic (၀င်ရောက်ကြည့်ရှုသူ) ၃၀၀၀ ကနေ ၅၀၀၀ ကြားရှိနေပါတယ်။ AdSense ကနေ ၁၀ ဒေါ်လာကနေ ၁၅ ဒေါ်လာ ၀န်းကျင်ဝင်ပါတယ်။

အဲ့ဒီ blog အတွက် တစ်ပတ်ကို ၅ မိနစ်လောက်ပဲအချိန်ပေးပြီး content update လုပ်ပေးရပါတယ်။ Entertainment blog ဖြစ်တဲ့အတွက် content မရှားပါဘူး။

၂။ Travel Affiliate network ကနေ၀င်ပါတယ်။

Travel Blog ၃ ခု လုပ်ထားပါတယ်။

တစ်ခုက SEO ranking ကောင်းပြီး organic traffic (Google ကနေလာတဲ့ traffic) တော်တော်ရနေပါပြီ။ အဲ့ဒီblog ကနေ တစ်လကို ဟိုတယ်ဘိုကင် ၁၀ ခုကျော် တက်ပါတယ်။ ဒေါ်လာ ၅၀ လောက် ၀င်ပါတယ်။ ဒါ website လုပ်ပြီး ၃ လမှာ စ၀င်တာပါ။ နောက်ထပ်လတွေမှာ traffic ပိုများလာဖို့ ပဲရှိပါတယ်။ Traffic ပိုများလာတာနဲ့ အမျှ hotel booking လည်းတက်လာမှာပါ။ အောက်မှာပြထားတာက စက်တင်ဘာ ၁ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ Agoda မှာ ၀င်ထားတဲ့ ဘိုကင် အရေအတွက်ပါ။

Agoda.com affiliated report
September 1 to 24 Hotel bookings at Agoda.com

အဲ့ဒီ blog အတွက် တစ်လကို ဆောင်းပါး တစ်ပုဒ်ပဲ တင်ဖို့ လိုပါတော့တယ်။ (ဆောင်းပါးရေးဖို့ အချိန် ၆ နာရီလောက်ပေးရပါတယ်။ Research 3 hours+ writing 3 hours)

ကျန်တဲ့ ၂ ခုကတော့ အခုမှစလုပ်ထားတာမို့ လို့  Affiliate နဲ့ မချိတ်ရသေးပါဘူး။

အသေးစိပ်ကို ဒီမှာဖတ်နိုင်ပါတယ်။ Affiliate marketing ဆိုတာဘာလဲ။ 

၃။ Product and Service review

ဒီ Aung Hein blog မှာ products တွေ (Php script) အကြောင်း review ရေးထားတာတွေရှိပါတယ်။ အဲ့ဒီ review တွေကိုဖတ်ပြီး ဒီ website ကနေတဆင့် အဲ့ဒီ script ကို သွားဝယ်ရင် ကျွန်တော် commission ရပါတယ်။ သိပ်အများကြီးမဟုတ်ပေမယ့် sale lead တစ်ခုအတွက် ဒေါ်လာ ၂၀ လောက်ရပါတယ်။ တစ်လကို Sale leads ၃ ခုဝန်းကျင်ရပါတယ်။

ဒီအတွက်တော့ အချိန်နည်းနည်းပေးရပါတယ်။ Online money making forum တွေ/ group တွေမှာ နည်းနည်းသွားပွားပေးရပါတယ်။ တစ်လကို နာရီ ၂၀ လောက်တော့ အချိန်ပေးရပါတယ်။ (သိပ်တော့မကိုက်ပါဘူး။ ဒါပေမယ့် blog reputation အတွက်လုပ်ရပါတယ်)

၎။ Amazon Affiliate

Travel affiliate လိုလပဲ Amazon မှာလည်း Affiliate ဆိုတာရှိပါတယ်။ Amazon store က ဘယ်ပစ္စည်းမဆို ကိုယ့် website မှာ ထည့်ကြော်ငြာပေးလို့ ရပါတယ်။ ကိုယ့် website ကနေ ဖြတ်သွားပြီးအော်ဒါတက်ရင် commission ရပါတယ်။ အဲ့ဒီအတွက် website သီးသန့် လုပ်ဖို့ အချိန်မပေးနိုင်တဲ့အတွက် Flippa.com ကနေ သင့်တော်မယ်ထင်တဲ့ website တစ်ခုဝယ်လိုက်ပါတယ်။ Traffic လည်းရှိပြီးသား SEO rank လည်းကောင်းပြီးသားရှာရပါတယ်။ အခုဝယ်လိုက်တဲ့ website ကနေ Amazon products တစ်လကို ၁၀ ခု လောက်ရောင်းထွက်ပါတယ်။ ၀င်တာနည်းပါသေးတယ်။ အချိန်တော့ပေးရဦးပါမယ်။

ဒါတွေက ကျွန်တော် လက်ရှိ blog တွေကနေတဆင့် Passive income ဖန်တီးထားမှုတွေပါ။ တစ်လလုံးပေါင်းလိုက်ရင် ဒေါ်လာ ၈၀၀ မပြည့်သေးပါဘူး။ အချိန်တစ်ခုလိုအပ်ပါသေးတယ်။ အချိန်တစ်ခု ရင်းပြီးရင်တော့ သင့်တော်တဲ့ income stream တစ်ခုဖြစ်လာမှာပါ။ အချိန်ကြာလာတာ နဲ့ အမျှ Travel affiliate website တွေ၊ Amazon affiliate website တွေက ၀င်ငွေတွေတိုးလာမှာပါ။ AdSense နဲ့ ရှာနေတဲ့ Entertainment website ကတော့ ထက်တိုးစရာမရှိလောက်တော့ပါဘူး။

ဒီ Passive income stream နဲ့ သူဌေးတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အထိုက်အလျောက်တစ်ခုတော့ အသုံးအစွဲခံပါတယ်။

Passive income လို့ ဘာလို့ ခေါ်သလဲ။ ကျွန်တော်အပေါ်မှာ အချိန်တွက်ပြထားပါတယ်။ website အမျိုးအစားပေါ်မူတည်ပြီး ပေးရတဲ့အချိန် တွေပါ။ တစ်လကို ပေးရတဲ့အချိန်နဲ့ ပြန်ရတဲ့ income ကို တွက်ပြထားတာပါ။ ပေးရတဲ့အချိန်ဟာ တော်တော်နည်းပါတယ်။ Passive income သဘောတရားကလည်း ဒီအတိုင်းပါပဲ။ ကိုယ်တိုင် ပါဝင်ဖို့ မလိုပဲ ၀င်ငွေတစ်ခုရနေတာပါပဲ။

ဒါပေမယ့် ဒီလို Passive income ရဖို့ တစ်ရက်တည်းနဲ့ မလုပ်နိုင်ပါဘူး။ တစ်လနဲ့ လည်းမရနိုင်ပါဘူး။ အချိန်တွေရင်းခဲ့ရပါတယ်။ ငွေတွေလည်းရင်းခဲ့ရပါတယ်။ အိုင်ဒီယာတွေလည်းရင်းခဲ့ရပါတယ်။

အချိန်တွေဘာအတွက်ရင်းရတာလဲ။

ဆောင်းပါးတွေရေးရပါတယ်။ Blog လုပ် ဆောင်းပါးတွေတင်ပြီး ဒီတိုင်းထားလို့ မရပါဘူး။ ဖတ်တဲ့သူလာအောင် SEO လုပ်ရပါတယ်။ Forum တွေမှာ သွားရေး အဲ့ဒီကနေတဆင့် blog ကို လူတွေဝင်ဖတ်အောင်ဆွဲဆောင်ရပါတယ်။ Social media တွေမှာ လိုက်တင်ရပါတယ်။ Facebook တစ်ခုတည်းအဆင်မပြေပါဘူး။ Twitter, Pinterest, medium အကုန်သုံးရပါတယ်။

ငွေတွေရင်းခဲ့ရပါတယ်။

ကိုယ်တိုင်ဆောင်းပါးရေးဖို့ အချိန်မပေးနိုင်တဲ့အခါ content writer အပ်ရပါတယ်။ Blog တွေလုပ်ရပါတယ်။ မြေစမ်းခရမ်းပျိုးလုပ်ရင်းနဲ့  မှားသွားတဲ့ ကိစ္စတွေလည်းရှိပါတယ်။ Domain တွေပုံနေပါတယ်။ Website template တွေ၊ php script တွေဝယ်ထားတာတွေ ပုံနေပါတယ်။

ပြန်ချုပ်ရယင်တော့ Passive Income လို့ ဆိုတဲ့နေရာမှာ ဘယ်တော့မှ ချက်ချင်း Passive Income ဆိုတာမ၀င်လာနိုင်ပါဘူး။ အချိန်ပေးတည်ဆောက်ရပါတယ်။ ဒါမှပဲ ရေရှည်အတွက် အဆင်ပြေမယ့် Passive Income stream တစ်ခုဖြစ်လာမှာပါ။ ဒီနေ့ လုပ်ပြီးနက်ဖန် ငွေဝင်ချင်လို့ မရပါဘူး။ အဲ့လိုရတဲ့ Passive Income ကလည်း မခိုင်မာပါဘူး။

You May Also Like

About the Author: aunghein

Leave a Reply

Your email address will not be published. Required fields are marked *