Affiliate marketing ဆိုတာဘာလဲ (For bloggers)
Affiliate marketing ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းကို အလွယ်ဆုံးဖြေရမယ်ဆိုရင်တော့ အခြားလုပ်ငန်းတစ်ခုရဲ့ ကုန်ပစ္စည်း၊၀န်ဆောင်မှုကို ကိုယ်က ကြော်ငြာရောင်းချပေးတာကိုဆိုလိုတာပါ။ အဲ့ဒီလိုရောင်းချခြင်းအားဖြင့် commision ရရှိပါတယ်။
Affiliate marketing ဟာ performance based marketing ဖြစ်ပါတယ်။ ကြော်ငြာပေးရုံနဲ့ကော်မရှင်မရပါဘူး။ တကယ်ရောင်းချရမှသာ ကော်မရှင်ရပါတယ်။ အဲ့ဒီအတွက် affiliated marketing လုပ်မယ့်သူဟာ ကြိုးစားဖို့ လိုအပ်ပါတယ်။
နိုင်ငံတကာမှာ Affiliate marketing ကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတဲ့သူတွေဟာ blogger တွေပဲဖြစ်ပါတယ်။ Blogger တော်တော်များများရဲ့ ၀င်ငွေဟာ အများထင်သလို AdSense အပါအ၀င် Ads Network တွေကနေရရှိတာမဟုတ်ပဲ Affiliate marketing ကနေရရှိနေတာတွေဖြစ်ပါတယ်။
Blogger တစ်ယောက်ဟာ affilaite marketing လုပ်ဖို့ ဘာတွေလိုအပ်လဲ။
website တစ်ခုရှိရပါမယ်။
သင့် Website ဟာ လူတွေအတွက် တန်ဖိုးရှိမယ့် အကြောင်းအရာတွေရေးသားထားတဲ့ content တွေရှိရပါမယ်။ website ကို လာဝင်ကြည့်တဲ့သူတွေရှိရပါမယ်။ (အဲ့ဒီအတွက် အဲ့ဒီ website ကို SEO optimized လုပ်ထားဖို့လိုပါမယ်)
တစ်ခြားဘာနဲ့လုပ်နိုင်သေးလဲ။
website ရှိမှမဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ social media channels တွေကလည်း ကြော်ငြာပေးလည်းရပါတယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ကြော်ငြာပေးပြီး အဲ့ဒီလုပ်ငန်းက ၀န်ဆောင်မှုကို ရယူသွားတာ၊ပစ္စည်းဝယ်သွားတာ ရှိရင် ကိုယ်က ကော်မရှင်ရမှာပါ။
Affiliate system တစ်ခုခုနဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။
Affiliate အတွက် သီးသန့် ဖန်တီးထားတဲ့ web portal တွေရှိပါတယ်။ ဥပမာ CJ affiliated လိုမျိုး website တွေပါ။ အဲ့ဒီမှာ စာရင်းပေးထားတဲ့ လုပ်ငန်းပေါင်းများစွာရှိပါတယ်။ အဲ့ဒီ လုပ်ငန်းတွေထဲကမှာ ကိုယ့် website နဲ့သင့်တော်တဲ့ လုပ်ငန်းကို ကြော်ငြာပေးဖို့ လျှောက်ထားရပါတယ်။ CJ ဖက်ကနေ website ကို စစ်ဆေးပြီး စည်းကမ်းတွေနဲ့ကိုက်ညီတယ်ဆိုရင် affiliate လုပ်ဖို့ ခွင့်ပြုပါတယ်။
အောက်ကပုံကတော့ ကျွန်တော် ဒီ aunghein.com blog မှာ CJ affiliate system ထဲက လုပ်ငန်းတစ်ခုအတွက် ကြော်ငြာပေးထားတာကနေ ၀င်ထားတာပါ။ (အခု ဒီ post ရေးမှ ၀င်ကြည့်ဖြစ်တာပါ။ အံ့သြစရာပဲ… sale တစ်ခုရှိနေပါတယ်။ အဲ့ဒီတုန်း တစ်ရက်ပဲ ကြော်ငြာ link လေးထည့်ပြီး ပြန်ဖြုတ်ထားလိုက်တာပါ. အဲ့ဒီတစ်ရက်မှာပဲ sale တစ်ခုရလိုက်ပါတယ်… အခု ပြန်ထည့်ထားပေးပါတယ်။  အခုဖတ်နေတဲ့ post ထဲမှာလည်း သတိထားမိပါလိမ့်မယ်။Namecheap.com ကြော်ငြာ banner လေးပေါ်နေပါတယ်။ post အောက်ဆုံးမှာလည်း ပေါ်နေပါတယ်)
CJ affiliated report
ဥပမာ ကျွန်တော့် website တစ်ခု ကို Agoda နဲ့ ချိတ်ထားပါတယ်။ Agoda ဆိုတာကတော့ တော်တော်များများကြားဖူးမှာပါ။ နာမည်ကျော် hotel booking platform ပါ။ အောက်မှာပြထားတဲ့ပုံကတော့  August လအတွင်း ကျွန်တော့် website ကနေတဆင့် Agoda မှာ booking တင်သွားတဲ့ စာရင်းပါ။
Agoda affiliate
အောက်ကပုံကတော့ အပေါ်က booking တွေကြောင့် ရထားတဲ့ commission report ပါ။ လောလောဆယ်တော့ final amount မထွက်သေးပါဘူး။ လကုန်မှ finalize လုပ်ပေးလေ့ရှိပါတယ်။ ဒေါ်လာ ၂၀ ၀န်းကျင်ရပါတယ်။
Affiliated income report from Agoda
ဒီမှာ ပြောစရာရှိလာပါတယ်။ Agoda ထည့်ထားတဲ့ ကျွန်တော့် website ဟာ တစ်ရက်ကို traffic ၂၅၀ ၀န်းကျင်ပဲရှိပါတယ်။အောက်မှာပြထားတဲ့ ပုံက ဒီ August လအတွင်း website ကို ၀င်ထားတဲ့ traffic ပါ။ Social traffic က 35% လောက်ရှိပြီး organic traffic က 27% လောက်ရှိပါတယ်။ Social traffic တော်တော်များများဟာ Myanmar ကဖြစ်ပြီး organic traffic တွေကတော့ US ကများပါတယ်။ 3% ကတော့ Google Ads ကနေ ၀င်တာပါ။ ကျွန်တော် keywords testing လုပ်နေတဲ့ အတွက် google ads စမ်း run ထားတာဖြစ်ပါတယ်။
Traffic breakdown to website in August
နောက် Affilate တစ်ခုကတော့ business နဲ့တိုက်ရိုက်ချိတ်ဆက်ပြီး သူ့ ရဲ့ products/service ကို ကြော်ငြာပေးတာပါ။ ကြော်ငြာဆိုတဲ့အနေမှာ တိုက်ရိုက်ကြော်ငြာတာမျိုးမဟုတ်ပဲ review ရေးပေးတာပဲဖြစ်ဖြစ်၊ အသုံးပြုနည်းတွေပြပေးတာပဲ ဖြစ်ဖြစ် လုပ်တာမျိုးပါ။  ကျွန်တော့် ဒီpage မှာ website service တွေ၊script တွေအတွက် review ရေးထားတာတွေရှိပါတယ်။ အဲ့ဒီအတွက် တိုက်ရိုက် ၀န်ဆောင်ခရသလို ကျွန်တော့်ဆီကနေမှ သူတို့ ဆီကိုရောက်သွားတဲ့ sale lead အတွက်လည်း ကော်မရှင်တွေရနေပါတယ်။
နိဂုံးချုပ်ရရင်တော့ ကိုယ့်မှာ blog တစ်ခုရှိပြီး နိုင်ငံတကာက traffic လည်း ရှိတယ်ဆိုရင် Affiliated marketing က အဆင်ပြေပါလိမ့်မယ်။ ကိုယ့် website niche နဲ့ပက်သက်တဲ့ affiliated marketing ကိုသုံးဖို့ လိုပါတယ်။
အားလုံးခြုံပြီးပြောရရင်တော့ affiliated marketing အတွက် အရေးအကြီးဆုံးအရာက SEO ပဲဖြစ်ပါတယ်။ SEO ကောင်းမှ ကိုယ့် website ကို လူတွေရောက်လာပါလိမ့်မယ်။ အပေါ်က agoda ထည့်ထားတဲ့ website ဟာ ၃ လ သက်တမ်းသာရှိပါသေးတယ်။ ဒါပေမယ့် SEO စနစ်တကျလုပ်ထားနိုင်တဲ့အတွက် traffic ရလာတာဖြစ်ပါတယ်။
မှတ်ချက်။
ကျွန်တော် SEO အကြောင်းတွေ ရေးတာများတဲ့အတွက် SEO သင်တန်းမပေးဘူးလားလို့ မေးကြပါတယ်။ ကျွန်တော်မှာ ပေးဖို့ အချိန်မရှိလို့ပါ။ ဒါပေမယ့် ကျွန်တော်အားတဲ့အချိန်မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မကြာမှီကာလမှာတော့ ကျွန်တော်လုပ်နေတဲ့ digital marketing အလုပ်တွေကို ကူလုပ်ပေးနိုင်မယ့် Digital marketing ပညာသင်ချင်တဲ့ လူတစ်ယောက်ကို ၀န်ထမ်းအနေနဲ့ခေါ်ဖို့ ရှိပါတယ်။ လုပ်ရမှာတွေကတော့ ကျွန်တော့် client တွေရဲ့ social media page တွေရဲ့ social media marketing အပိုင်းနဲ့  ကျွန်တော် ကလိနေတဲ့ SEO, SEM, blogging, affiliated marketing, AdSense အပိုင်းတွေကို ကူလုပ်ပေးရမှာဖြစ်ပါတယ်။
You May Also Like
About the Author: aunghein
4 Comments
    1. Sorry bro. I use my local language for this post. It is about introducing affiliate marketing to my friends. Do you want to read this in English language.
Leave a Reply
Your email address will not be published. Required fields are marked *