Search Engine Traffic= active, Social Traffic (Facebook)= passive
Search Engine တွေကလာတဲ့ Traffic (organic traffic) တွေက social traffic တွေထက်ပိုပြီး အကျိုးရှိတယ်ဆိုတာကို ပြောပြချင်ပါတယ်။
အထူးသဖြင့် ကိုယ့်ရဲ့ website က ၀န်ဆောင်မှု (သို့ ) ဈေးရောင်းတဲ့ website မျိုးဖြစ်တဲ့အခါမှာပိုပြီးသိသာပါတယ်။ ဒီ website တွေသာမကပဲ information ပေးတဲ့ blog တွေအတွက်လည်း သိသာပါတယ်။
Organic traffic ဆိုတာက လူတစ်ယောက်က Search Engine (google ပဲဆိုကြပါစို့ ) မှာ အချက်အလက်တစ်ခုကို ရှာလိုက်ပြီး Google က ပြလိုက်တဲ့ website တွေကို ၀င်ကြည့်ရာက ကိုယ့် website ထဲရောက်လာတဲ့ traffic ကိုဆိုလိုတာပါ။
အဲ့ဒီ ၂ ခုရဲ့ကွဲပြားမှုကတော့ Search Engine traffic တွေရဲ့အစပျိုးမှုဟာ အချက်အလက်ကို သိချင်လို့ ရှာဖွေတဲ့သူကနေ စတင်ပါတယ်။ ဥပမာ လူတစ်ယောက်က CV form ဖန်တီးဖို့ အတွက် Online CV maker ဆိုပြီး Google မှာရိုက်ရှာလိုက်တယ်ဆိုပါစို့ ။ အဲ့ဒီရှာတဲ့သူဟာ အားနေလို့ အပျင်းပြေရှာတာမဖြစ်နိုင်ပါဘူး။ တကယ်ကို CV form ကိုလိုတဲ့အတွက်ရှာတဲ့သူပါ။
အဲ့ဒီအခါမှာ သူ ရှာဖွေတာနဲ့ ကိုက်ညီတာကိုတွေ့ တဲ့အခါမှာ အဲ့ဒီတွေ့ တဲ့ website မှာဝင်ရောက်အသုံးပြုပါလိမ့်မယ်။ သူကြိုက်တာမတွေ့မချင်းလည်းရှာနေမှာပါ။ ရှာလို့ တွေ့ ပြီးဆိုရင်တော့ အဲ့ဒီ website မှာ ၀င်ရောက်အသုံးပြုပါလိမ့်မယ်။
ဒီနေရာမှာ CV form မဟုတ်ပဲ ပစ္စည်းရောင်းတဲ့ E-commerce website ဆိုလည်း သူ ရှာတာတွေ့ရင် ၀င်ကြည့်ပြီး သဘောကျရင် ၀ယ်ယူပါလိမ့်မယ်။
အဲ့ဒီအတွက် ဒီ နေရာမှာ အဲ့ဒီသူဟာ Actively ရှာဖွေတဲ့သူဖြစ်ပါတယ်။
Social traffic ကိုကြည့်ရအောင်။
နောက်တစ်ခုကတော့ Social Media ပေါ်မှာ ဖန်တီးထားတဲ့ Ads တွေက ကိုယ့် newsfeed မှာလာပေါ်တဲ့အခါမှာ စိတ်ဝင်စားပြီး LInk တွေကို ၀င်ကြည့်တတ်ပါတယ်။ အဲ့ဒီအခါမှာလည်း WEbsite ကို social traffic တွေရောက်လာပါတယ်။
ဒါပေမယ့် social traffic မှာဝင်ကြည့်တဲ့သူတွေက website link ကို newsfeed မှာ တွေ့လိုက်လို့ ဝင်ကြည့်တဲ့သူတွေပါ။ Sponsored ဆိုပြီးပေါ်လာတဲ့အတွက် ၀င်ကြည့်တဲ့သူတွေလည်းပါပါတယ်။ တကယ်လိုအပ်နေတဲ့ သူတွေဟုတ်ချင်မှဟုတ်ပါမယ်။ လိုအပ်နေတဲ့အချိန်ဟုတ်ချင်မှဟုတ်ပါမယ်။ (social media ပေါ်မှာလည်း Search လုပ်ပြီးရှာတဲ့သူတွေလည်းရှိနိုင်ပါတယ်။)
အဲ့ဒီအတွက် social media ကလာတဲ့ traffic ဟာ အဲ့ဒီလူတွေက တကူးတကလိုက်ရှာတဲ့ traffic ထက် newsfeed မှာတွေ့လိုက်လို့ ဝင်ကြည့်လိုက်တဲ့ traffic က ပိုများပါတယ်။
ဒါက နမူနာသုံးသပ်ချက်ပါ။ အဲ့ဒီ နမူနာသုံးသပ်ချက်ကို သက်သေပြဖို့ အောက်မှာ ရှင်းပြထားပါတယ်.
grabcv.com ဟာ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတွဲလုပ်ထားတဲ့ web application ပါ။ Online CV maker အမျိုးအစားပါ။ အောက်က data ကတော့ Website စတင် Launch လုပ်ပြီး ၂ ပတ်မှာရှိတဲ့ data ပါ။
Website ကို promote လုပ်တဲ့အခါမှာ Facebook ပေါ်မှာ page ကနေရှဲပါတယ်။ Boost လုပ်ပါတယ်။ အဲ့ဒီကနေ social traffic တွေရပါတယ်။ social traffic ကပိုများပါတယ်။
SEO လုပ်ပါတယ်။ ၂ ပတ်အတွင်းပဲရှိသေးတဲ့အတွက် SEO ကနေလာတဲ့ organic traffic က အများကြီးမဟုတ်ပါဘူး။ Organic traffic ကို အနီနဲ့ မှတ်ပြီးပြထားပေးပါတယ်။
Social media traffic မှာ bounce rate က 52.43 ရှိပါတယ်။ (Bounce rate ဆိုတာက website ကိုတွေ့လို့ ဝင်ကြည့်ပြီးတော့ ချက်ချင်းပြန်ထွက်သွားတဲ့ နှုန်းပါ။ Bounce rate များလေလေ ၀င်ကြည့်ပြီး ချက်ချင်းပြန်ထွက်တဲ့နှုန်းများလေလေပါ။ website ဟာ စိတ်ဝင်စားဖို့ မကောင်းရင် Bounce rate များပါတယ်)
နောက်တစ်ခုကွာခြားချက်က Average Session duration ပါ။
website ကို ၀င်ကြည့်တဲ့သူတစ်ယောက်ဟာ website ပေါ်မှာ အချိန်ဘယ်လောက်ကြာအောင်နေသွားလဲဆိုတဲ့ average ပါ။
Social media traffic ရဲ့ average duration ဟာ 1:38 minutes ပါ။ Organic traffic ရဲ့ average duration ဟာ 6:28 minutes ပါ။ အဲ့ဒီအတွက် Organic traffic က လာတဲ့သူတွေဟာ website ပေါ်မှာ ပိုပြီးနေကြတယ်လို့ သုံးသပ်လို့ ရပါတယ်။
အကျဉ်းချုပ်မယ်ဆိုရင်တော့
လုပ်ငန်းတစ်ခုဟာ Facebook ပေါ်ကနေ ကြော်ငြာတဲ့အခါမှာ ကိုယ့်လုပ်ငန်းကို လိုအပ်နေတဲ့သူတွေအပြင် စိတ်ဝင်စားတဲ့လူတွေကို ပါ ပြပေးနိုင်ပါတယ်။ (စိတ်မ၀င်စားတဲ့လူတွေလည်းမြင်ပါလိမ့်မယ်)။ လိုအပ်တဲ့သူတွေဟာ ကြော်ငြာကို မြင်ပြီး ၀ယ်ယူပါလိမ့်မယ်။ စိတ်ဝင်စားတဲ့သူတွေကတော့ ၀င်ရောက်လေ့လာပါလိမ့်မယ်။
Google Search မှာသာ ကိုယ့် website ကို rank ကောင်းအောင်လုပ်ထားနိုင်ရင်တော့ Google Search မှာရှာတဲ့သူတော်တော်များများဟာ လိုအပ်နေလို့ ရှာတဲ့သူတွေများမှာပါ။ စိတ်ဝင်စားလို့ ရှာတဲ့သူလည်းရှိကောင်းရှိနိုင်ပါတယ်။ အားနေလို့ တွေ့ ကရာလျှောက်ရိုက်ပြီးရှာတဲ့သူကတော့နည်းပါလိမ်မယ်။
ဒါကြောင့်ကိုယ့်လုပ်ငန်းကို Facebook အပြင် Google Search မှာပါ တိုးချဲ့ ထားသင့်ကြောင်း အကြံပေးလို့ ပါတယ်။ (မှတ်ချက်။ လုပ်ငန်းပေါ်မူတည်ပါတယ်။ အချို့လုပ်ငန်းတွေဟာ Facebook ပေါ်မှာ ထိရောက်တဲ့ Audience ကို ရောက်အောင်လုပ်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် Google Search မှာတော့ ကိုယ်မြင်စေချင်တဲ့ Audience ကို ပြပေးနိုင်ပါတယ်။ Google မှာ ကိုယ့် လုပ်ငန်းကို တိုးချဲ့သင့်လားမတိုးချဲ့ သင့်လား သိလိုသူတွေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ )
ဒီနေရာမှာ Facebook Ads ရယ်၊ SEO ရယ်ပဲ ပြောထားပါတယ်။ Google Ads ကို ထည့်မပြောထားသေးပါဘူး။ ပုံမှာကတော့ Google Ads ပါ ပါနေပါတယ်။
You May Also Like
About the Author: aunghein
Leave a Reply
Your email address will not be published. Required fields are marked *