SEO မှာ Keywords ဘယ်လိုရွေးမလဲ

အရင်တစ်ခါ ရေးခဲ့တဲ့ Keywords ဆိုတာဘာလဲ ဆိုတာရဲ့အဆက်ပဲဖြစ်ပါတယ်။ အဲ့ဒီ ဆောင်းပါးကိုမဖတ်ရသေးရင် ဒီမှာဖတ်နိုင်ပါတယ်။ Read: What are the keywords in SEO? 

အဲ့ဒီ post မှာ နောက်ဆုံးပြီးသွားတဲ့နေရာက ကိုယ့် website အတွက် keywords တွေစဉ်းစားပြီးတော့ keywords 20 လောက်အကြမ်းဖျဉ်းထွက်လာပြီဆိုပါစို့ ။

အဲ့ဒီ keywords တွေကို တန်းသုံးလို့ မရသေးပါဘူး..အဲ့ဒီ keywords တွေထဲကမှ ထပ်ပြီးရွေးချယ်ရမှာပါ။

ဘယ်အရာတွေပေါ်မူတည်ပြီးရွေးချယ်မှာလဲ။

Search Volume

Keywords စဉ်းစားတုန်းက ခေါင်းထဲမှာပေါ်လာတွေကို အကြမ်းဖျဉ်းစဉ်းစားလိုက်မိတာတွေပါမှာပါ။ ဒါပေမယ့် အဲ့ဒီ keywords က တခြားလူတွေရော ရှာကြရဲ့လား။ တစ်လကို google မှာ အဲ့ဒီ keywords ကိုရှာတဲ့သူဘယ်လောက်ရှိမလဲ။ အဲ့ဒါကို Search Volume လို့ ခေါ်ပါတယ်။

ကိုယ်စဉ်းစားထားတဲ့ keywords ကို တစ်လနေမှာ ၁၀ ယောက်လောက်ပဲရှာတယ်ဆိုရင် အဲ့ဒီ keywords အတွက် SEO ကြိုးပမ်းရတာ မတန်ပါဘူး။

အဲ့ဒီအတွက် သင့်တင့်လျောက်ပတ်တဲ့ Search Volume ရှိတဲ့ keywords ကိုရွေးချယ်ဖို့ လိုပါတယ်။

ဒါကြောင့်မို့ လို့ အစကတည်းက Keywords တွေအကြမ်းချရေးတဲ့အခါမှာ လူတွေရှာလောက်မယ်ထင်တဲ့ Keywords မျိုးကို ရှာဖွေတတ်ဖို့ လိုပါတယ်။

ဒါဆို အကြောင်းအရာတစ်ခုနဲ့ ပက်သက်ပြီးလူတွေ ဘာတွေများရှာဖွေကြလဲ။ ဘာတွေများသိချင်ကြလဲ။ အဲ့ဒီ ရှာဖွေတဲ့အရာတွေကို ဘယ်နေရာမှာ သိနိုင်မလဲ။

Online forum တွေ၊ online Q&A website တွေရှိပါတယ်။ နာမည်အကြီးဆုံးကတော့ Quora ပါ။

Bagan အကြောင်းသိချင်တယ်ဆိုပါစို့ ။ Quora မှာ Bagan လို့ ရိုက်ရှာလိုက်ပါ။ Bagan နဲ့ ပက်သက်ပြီး လူတွေအမေးများတဲ့ မေးခွန်းတွေထွက်လာပါလိမ့်မယ်။ (အချို့ မေးခွန်းတွေက relevant ဖြစ်ပါတယ်။ အချို့ မေးခွန်းတွေကျတော့လည်း relevant မဖြစ်ပါဘူး)

relevant ဖြစ်တဲ့ မေးခွန်းတွေဟာ သင့်ရွေးချယ်သင့်တဲ့ Keywords တွေဖြစ်ပါတယ်။

နောက်တစ်ခုကတော့ Google Search မှာပြတဲ့ Search suggestion နဲ့ related search တွေပါ။

အောက်မှာနမူနာပြထားတာက Bagan Hotel လို့ ရိုက်လိုက်တဲ့အချိန်မှာ ပေါ်လာတဲ့ Search Suggestion တွေပါ။ အဲ့ဒါတွေကလည်း သင့်အတွက် relevant ဖြစ်မယ့် keywords တွေပါနိုင်ပါတယ်။

အောက်မှာပြထားတာကတော့ Bagan Hotel လို့ ရှာလိုက်တဲ့အခါမှာ အောက်ဆုံးမှာပေါ်လာတဲ့ Related search တွေပါ။

အဲ့ဒီ related search တွေထဲကလည်း သင့်တော်မယ့် keywords တွေထွက်လာနိုင်ပါတယ်။

ဒီမှာ ကြုံတုန်း Keyword anatomy လေးပြောပြချင်ပါတယ်။ ဒီအချက်ကို Brian Dean ရဲ့ keywords အကြောင်းကနေ ကိုးကားထားပါတယ်။

Keyword တစ်ခုကို Head, Body, Tail ဆိုပြီးခွဲခြားထားပါတယ်။

Head ကတော့ main keyword စကားလုံးပါ။ စကားလုံးတစ်လုံးတည့်းရှိတတ်ပါတယ်။ ဥပမာ Bagan, Inle ဆိုတဲ့စကားလုံးမျိုးပါ။

Body ကတော့ head မှာထပ်ပိုလာတဲ့ စကားလုံးပါ။ တစ်လုံး နှစ်လုံး လောက်ပိုပါလာတတ်ပါတယ်။ ဥပမာ Bagan Hotel, Inle Trip ဆိုတာမျိုးပေါ့။

Tail ကတော့ အပေါ်က head+body မှာ အပိုထပ်ပါလာတဲ့ စကားလုံးတွေပါ။ စကားလုံး ၄ လုံး ၅ လုံးလောက်ထိပါတတ်ပါတယ်။ ဥပမာ Cheap Bagan Hotel to stay, Best time to take a trip to Inle ဆိုတာမျိုးတွေပါ။

Keywords ရွေးချယ်တဲ့အခါမှာ Tail ပါ ပါဝင်တဲ့ Longtail keywords တွေကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ ဘာလို့ လဲဆိုတော့ Head keywords တွေက competition အရမ်းများသလို သိပ်ပြီးလည်း relevant မဖြစ်လို့ ပါ။

ဥပမာ Bagan ဆိုတဲ့ Head keyword မှာ သင့် website ကို rank လုပ်ဖို့ တစ်နှစ်လောက်ကြိုးစားရင်တောင် မဖြစ်နိုင်ပါဘူး။ First page မှာပါဖို့ အရမ်းကြိုးစားရပါမယ်။ ပြီးတော့ Bagan ဆိုတဲ့စကားလုံးတစ်လုံးတည်းကိုရှာတဲ့သူတွေဟာ Bagan ကို သိချင်ရုံသာရှာကြတဲ့သူတွေဖြစ်ပြီး တကယ်လာလည်ဖို့ ရှာတဲ့သူရှာပါလိမ့်မယ်။

အဲ့ဒီအစား Longtail keyword ဖြစ်တဲ့ cheap Bagan hotel to stay က ပိုပြီးထိရောက်ပါလိမ့်မယ်။

အောက်ကပုံမှာ ပြထားသလိုပဲ Head keyword တွေဟာ ပြိုင်ဆိုင်မှုအရမ်းများပါတယ်။ Long tail keywords တွေကတော့ ပြိုင်ဆိုင်မှုနည်းပါတယ်။

Source: Backlinko.com

ဒီ post အတွက် ပြန်ချုပ်ရရင်တော့ Keywords တွေစဉ်းစားတဲ့အခါမှာ releveant ဖြစ်တဲ့၊search volume အသင့်အတင့်ရှိတဲ့၊ longtail keywords တွေကို ရွေးချယ်သင့်ပါတယ်။

နောက် တစ် post မှာတော့ Search volume ကြည့်နည်းကို ပြောပြပေးပ့ါမယ်။

You May Also Like

About the Author: aunghein

3 Comments

  1. ဆရာ search volume က ဘယ်မှာ လေ့လာရမလဲ ဆရာ ရှာလို့လဲ မတွေ့ဘူးးဆရာ လေ့လာရတာ အဆင်ပြေပါတယ်ဆရာ

  2. Please let me know if you’re looking for a writer for your site. You have some really great posts and I feel I would be a good asset. If you ever want to take some of the load off, I’d absolutely love to write some material for your blog. Please send me an email if interested. Thank you!
    college essay help

Leave a Reply

Your email address will not be published. Required fields are marked *