SEO မှာ Keywords ဆိုတာဘာလဲ (အပိုင်း ၁)

Website တစ်ခုကို SEO စပြီး apply လုပ်တော့မယ်ဆိုရင် Keywords ဆိုတာအရေးကြီးလာပါတယ်။ Keywords ရွေးချယ်ထားခြင်းမရှိပဲ SEO လုပ်နေတယ်ဆိုတာ ဦးတည်ရာမရှိပဲ လျှောက်သွားနေတဲ့လူလို ပါပဲ။

Keywords ဆိုတာဘာလဲဆိုတာ မေးစရာရှိလာပါတယ်။

Keywords ဆိုတာက Search Engine မှာ လူတွေက အချက်အလက်တွေရှာတဲ့နေရာမှာသုံးတဲ့ စကားလုံး (သို့ ) စကားစုတွေပါ။

ဥပမာ ပုဂံကို သွားမယ်လို့ စဉ်းစားရင် ပုဂံအကြောင်း google မှာ ရှာမယ်ဆိုပါစို့ ။ ဘယ်လို Keywords တွေသုံးပြီးရှာကြမလဲ။

Hotels in Bagan ဆိုတာရှာမယ်။ What to do in Bagan ဆိုတာရှာမယ်။

ဒီနေရာမှာ Bagan လို့ ရော မရှာဘူးလားလို့ ပြောစရာရှိလာပါတယ်။ Bagan လို့ လည်းရှာကြမှာပါ။ ဒါပေမယ့် Bagan ဆိုတဲ့ Keywords ဟာ Money keyword လို့ မဆိုနိုင်ပါဘူး။ ဘာလို့ လည်းဆိုတော့ သူ့ မှာ Action မပါလို့ ပါပဲ။

Money Keyword ဆိုတာကတော့ ဒီ Keyword ကနေ ပိုက်ဆံရှာလို့ ရတာကို ဆိုလိုတာပါ။ ဥပမာ Hotels in Bagan လို့ ရှာတဲ့သူဟာ Bagan မှာတည်းဖို့  hotel လိုက်ရှာနေတာပါ။ အဲ့ဒီအချိန်မှာ Bagan က ဟိုတယ်တစ်ခုက အဲ့ဒီ လူကို သူ့ website ကို ဆွဲခေါ်နိုင်ရင် သူ့ ဟိုတယ်မှာ booking လုပ်ဖို့ chance များနိုင်ပါတယ်။ အဲ့ဒီလို ဆွဲခေါ်နိုင်ဖို့ သူ့ website ကို Hotel in Bagan ဆိုတဲ့ keyword မှာ Rank လုပ်နိုင်အောင် SEO လုပ်ဖို့ လိုပါတယ်။

ပြီးတော့ Bagan လို့ ရှာလိုက်တာနဲ့ google search အပေါ်ဆုံးမှာ တက်လာမှာက Wikipedia ပါ။ Bagan လို့ ရှာတဲ့သူဟာ Bagan အကြောင်းသိချင်တာဖြစ်တဲ့အတွက် Wikipedia ကို ၀င်ဖတ်လိုက်ရင် သူ့ အတွက်လုံလောက်သွားပါပြီ။ နောက်ထပ် search result တွေကို ၀င်ဖတ်ချင်မှ ဖတ်ပါတော့မယ်။

နောက်တစ်ချက်ကတော့ Bagan ဆိုတဲ့ Keyword မှာ Wikipedia ကို ကျော်ဖို့ ခက်ပါတယ်။ အဲ့ဒီအတွက် Bagan ဆိုတဲ့ Keyword ကို ရှာရင် မိမိ website ကို ပထမဆုံးနေရာမှာပေါ်ဖို့ ကြိုးစားမယ်ဆိုရင် အရမ်းခက်ခဲပါမယ်။

ကဲ…အပေါ်က ဘယ်လို Keywords တွေသုံးပြီးရှာမလဲ ဆိုတာကို ပြန်သွားရအောင်။

ဒီအချက်က SEO သမားတွေအတွက် အရမ်းအရေးကြီးတဲ့အချက်ပါ။ ကိုယ့် website နဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို လူတွေက ဘယ်လိုရှာမလဲဆိုတာ စဉ်းစားတတ်ဖို့ လိုပါတယ်။ အဲ့ဒီလို စဉ်းစားတဲ့နေရာမှာ ကိုယ်တိုင် ရှာဖွေမယ့်လူတွေနေရာက နေ ပြီးစဉ်းစားရမှာပါ။

ကို သွားမယ်ပဲဆိုကြပါစို့ ။

Hotels in Bagan ဆိုတာကိုရှာမယ်

What to do in Bagan ဆိုတာကိုရှာမယ်

Places to visit in Bagan ဆိုတာကိုရှာမယ်။

တခြား ဘာတွေရှာဦးမလဲ။ ထပ်စဉ်းစားကြည့်လို့ ရပါတယ်။ ဒီ Keywords တွေအကုန်လုံးဟာ Bagan ကို သွားဖို့ ပြင်နေတဲ့သူတွေရှာမယ့် Keywords တွေပါ။ အဲ့ဒီ Keywords တွေရှာတိုင်း ကိုယ့် website ကို Google first page မှာပေါ်အောင်လုပ်နိုင်ရင် ကိုယ့် website မှာ sale volume တွေတက်လာမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် ကိုယ့် website နဲ့ ကိုက်ညီတဲ့ Keywords တွေကို ချရေးကြည့်ပါ။ အနည်းဆုံး Keywords အခု ၂၀ လောက်ထွက်လာအောင်စဉ်းစားကြည့်ပါ။  တခြားလူတွေ ဘယ်လိုရှာလည်းလိုက်မေးကြည့်ပါ။ အဲ့ဒီအခါမှာ Keywords အကြမ်းတွေထွက်လာပါလိမ့်မယ်။ အဲ့ဒီ ထွက်လာတဲ့ Keywords တွေကို တိုက်ရိုက်သုံးလို့ ရပြီလားဆိုတော့ မရသေးပါဘူး။ နောက်ထပ် လုပ်ရမယ့်အဆင့်တွေရှိပါသေးတယ်။

အပိုငး (၂) ကျရင် အဲ့ဒီအဆင့်တွေကို ဆက်ရေးပေးပါ့မယ်။

You May Also Like

About the Author: aunghein

Leave a Reply

Your email address will not be published. Required fields are marked *