English articles ရေးသူများအတွက် အသုံးဝင်သည့် Grammarly

Grammarly ဆိုတာက ကိုယ်ရေးနေတဲ့ English Language ဆောင်းပါးကို grammar တွေစစ်ပေးတာပါ။

အခုနောက်ပိုင်း ကျွန်တော် English language blogs တွေလုပ်ဖြစ်တော့ Grammarly က တော်တော်လေးအသုံးဝင်တာတွေ့ရပါတယ်။

သူက ၃ မျိုးသုံးလို့ ရပါတယ်။

ပထမ တစ်မျိုးကတော့ www.grammarly.com website ထဲကိုဝင်ပြီး အကောင့်ဖွင့်ပြီး website ထဲမှာသုံးရမှာပါ။

Grammarly note pad
Grammarly website ထဲမှာရှိတဲ့ Notepad ပါ။ ဘေးမှာ Rank လည်းပြထားပါတယ်။

grammarly website ထဲမှာ notepad ရှိပါတယ်။ အဲ့ဒီထဲမှာ ဆောင်းပါးတွေရေးရင် Grammarly က instant စစ်ပေးပါတယ်။ အမှားတွေ့တာနဲ့တစ်ခါတည်း အနီရောင်တားပြီးပြပါတယ်။ ကိုယ်ရေးထားတဲ့ ဆောင်းပါးရဲ့ writing skill ကိုပါ စစ်ပြီး အမှတ်ထုတ်ပေးပါတယ်။

ဒုတိယတစ်မျိုးကတော့ Grammarly google chrome plugin ပါ။ Google Chrome browser မှာ Plugin သွင်းထားပြီး browser သုံးနေတဲ့အချိန်မှာ ကိုယ်စာရိုက်သမျှကို instant check ပေးပါတယ်။ Facebook မှာ post တင်ဖို့ ရေးတာက အစ စစ်ဆေးပေးပါတယ်။

Grammarly chrome extension
Grammarly plug in ကို Google မှာ ရှာကြည့်တဲ့ပုံပါ
Chrome browser မှာ Grammarly plugin active ဖြစ်နေတဲ့ပုံပါ
Grammar instant checker အလုပ်လုပ်ပုံပါ

တတိယတစ်မျိုးကတော့ Grammarly application ပါ။ ကိုယ့်စက်ထဲ မှာ install လုပ်ပြီးအသုံးပြုနိုင်ပါတယ်။

Grammar ကိုပဲသီးသန့် စစ်တာမဟုတ်ပါ။ အခြားလုပ်ဆောင်ချက်တွေလည်းပါပါတယ်။ Proofreading လုပ်ပေးတာ၊ Plagiarism စစ်ပေးတာတွေမှာပါ အသုံးပြုနိုင်ပါတယ်။

လုပ်ဆောင်ချက်တော်တော်များများကို အခမဲ့အသုံးပြုလို့ ရပါတယ်။ Grammar စစ်ပေးတဲ့လုပ်ဆောင်ချက်က free account မှာပါပါတယ်။ အဲ့ဒါနဲ့တင်တော်တော်လုံလောက်ပါတယ်။ Premium version ၀ယ်သုံးမယ်ဆိုရင်တော့ တစ်လကို ၁၂ ဒေါ်လာလောက်ကျပါမယ်။ အောက်မှာပြထားတဲ့ function တွေကတော့ Premium version မှာ ပါတဲ့ function တွေပါ။ အပေါ်ဆုံးတစ်ခုပဲ Free version မှာပါပါတယ်။

Grammarly Premium version
Grammarly Premium version မှာပါတဲ့ လုပ်ဆောင်ချက်တွေပါ

Account ဖွင့်ချင်တယ်ဆိုရင် www.grammarly.com မှာသွားပြီး Free account ဖွင့်လို့ ရပါတယ်။


Grammarly Logo

 

You May Also Like

About the Author: aunghein

Leave a Reply

Your email address will not be published. Required fields are marked *