SEO စတင်လေ့လာဖို့ ဘာတွေလိုမလဲ

ကျွန်တော် SEO ကိုစတင်ပြီး စနစ်တကျလုပ်ဖြစ်တာက ၂၀၁၈ မတ်လမှာပါ။ အဲ့ဒါမတိုင်ခင်က နည်းနည်းလေ့လာလိုက်…ပစ်ထားလိုက်နဲ့  စနစ်တကျမရှိခဲ့ပါဘူး။

အခုတစ်ကြိမ်မှသာ သေချာစနစ်တကျနဲ့ စိတ်ပါနှစ်ပြီးလေ့လာဖြစ်တာပါ။ အဲ့ဒီလိုလေ့လာဖြစ်ဖို့ ကလည်း motivation factor ရယ်၊အချိန်ရယ်၊ လေ့လာနိုင်မယ့်အခွင့်အရေးတွေရယ်လိုအပ်ပါတယ်။

Motivation factor ကတော့ လူပေါ်မှာမူတည်ပါမယ်။ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး…အချို့ကတော့လည်း Digital Marketing field မှာ နေရာကောင်းကောင်းရဖို့ ၊ သင်တန်းတွေပေးနိုင်ဖို့ အစရှိသဖြင့် motivation factor တွေရှိမှာပါ။ ကျွန်တော့်အတွက်ကတော့ SEO ကို သုံးပြီး passive income stream တွေ ဖန်တီးဖို့ ပါပဲ။ အဲ့လို ဖန်တီးနိုင်တဲ့ လမ်းကြောင်းတွေကို မြင်လာတာကလည်း motivation ကို ဖြစ်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

SEO လေ့လာတော့မယ်ဆိုရင် အချိန်ပေးရပါတယ်။ တစ်ရက်နှစ်ရက်နဲ့မဖြစ်နိုင်ပါဘူး။ ပါးစပ်ကပြောရင် တစ်ထိုင်တည်းပြောလို့ ရရင်ရနိုင်ပါတယ်။ ကျွန်တော့်ဆီကို စာလာမေးတဲ့ လူတွေကိုလည်း ၃ နာရီလောက်အတွင်းမှာ SEO ဆိုတာ ဘာလဲ ဆိုတာပြောလို့ ရနိုင်ပါတယ်။ ဒါပေမယ့် SEO ကို တကယ် apply လုပ်မယ်ဆိုရင်တော့ တစ်လ၊နှစ်လ နဲ့အဆင်မပြေပါဘူး။ ၆ လတောင်မှ result မတွေ့ရသေးတာတွေရှိပါသေးတယ်။

အဲ့ဒီအတွက် အချိန်လိုအပ်ပါတယ်။ လေ့လာဖို့ အချိန်ရော၊ လေ့လာပြီးရင် လိုက်ပြီး လေ့ကျင့်ဖို့  apply လုပ်ဖို့ အချိန်ရောလိုအပ်ပါတယ်။ ကျွန်တော်အရင်က အဲ့ဒီလိုလေ့ကျင့်ဖို့ အချိန်မရှိခဲ့ပါဘူး။ ဒီနှစ်ထဲမှာတော့ ကိုယ်တိုင်ပါဝင်ပြီးအချိန်ပေးရတဲ့လုပ်ငန်းတွေကိုလျော့ပြီး ကိုယ်တိုင် သိပ်မပါဝင်ရတဲ့ လုပ်ငန်းတွေပဲ တိုးလုပ်ထားတဲ့အတွက် အချိန်တွေထွက်လာပါတယ်။ အဲ့ဒီအတွက် လေ့လာဖို့ ရော၊ ကိုယ်တိုင် apply လုပ်ဖို့ ပါ အချိန်ရလာပါတယ်။ အနည်းဆုံးတစ်နေ့ ကို ၁ နာရီခွဲလောက်တော့ ပေးဖို့ လိုပါတယ်။

နောက်တစ်ခုက လေ့လာနိုင်မယ့်အခွင့်အရေးပါ။ SEO ကျွမ်းတဲ့လူတွေနဲ့ခင်မင်လိုက်တယ်ဆိုတာလည်း အခွင့်အရေးတစ်ခုထဲမှာပါပါတယ်။ သူတို့ တွေဆီကနေ ပညာတွေသင်လို့ ရတယ်။ ဖလှယ်လို့ ရပါတယ်။ ဥပမာ ဘရို Thaw Zin တို့ လို မျိုးပေါ့။ စာလည်းမေးလို့ ရတယ်။ဆွေးနွေးလို့ လည်းရတယ်။

နောက်အခွင့်အရေးတစ်ခုကတော့ လေ့လာထားတဲ့ SEO သဘောတရားတွေကို ကိုယ်တိုင် အသုံးချနိုင်မယ့် အခွင့်အရေးပါ။ အချို့တွေကတော့ Agency မှာလုပ်နေရင်းနဲ့ client ရဲ့ website ကို သုံးပြီး လက်သွေးလို့ ရပါတယ်။ အဲ့လိုမှမဟုတ်ရင်တော့ ကို်ယ်ပိုင် website လေးတစ်ခုလောက်တော့ ဖန်တီးပြီး လေ့လာသင့်ပါတယ်။

အဲ့ဒီအချက် (၃)ချက်ပြည့်စုံရင် SEO ကို လေ့လာဖို့ ရာ အဆင်ပြေပါတယ်။

အဲ့ဒီလိုမဟုတ်ပဲ အချိန်လည်းမပေးနိုင်ဘူး၊ စာလည်းမဖတ်ချင်ဘူး၊ website လည်း မဖန်တီးချင်ဘူးဆိုရင်တော့ SEO ကိုနားလည်တက်ကျွမ်းဖို့ ရာ မဖြစ်နိုင်ပါဘူး။

မတ်လကနေ ယခုအချိန်အထိ ကျွန်တော် SEO လေ့လာတဲ့အချိန်အတွင်းမှာ blog/website ပေါင်း ၁၀ ကျော်ဖန်တီးခဲ့ပါတယ်။

အဲ့ဒီ ၁၀ ထဲမှာ result ကို မြင်ရတဲ့ website ဟာ ၅ ခုထက်မကျော်သေးပါဘူး။

Keywords 9 ခုလောက် Google 1st position ကိုရောက်ခဲ့ပါတယ်။

နောက်ထပ် keyword ၉  ခုလောက်ကတော့ Google 1st page ကို ရောက်ခဲ့ပါတယ်။

1st position ရောက်နေတဲ့ Keywords တွေကတော့ anonymous အနေနဲ့ပဲ ထားပါရစေ။

1st page ကိုရောက်နေတဲ့ Keywords တွေထဲက အချို့ ကတော့

thailand online shopping worldwide shipping

Yangon to Gokteik Viaduct budget trip

review on Facebook viral quiz script

တွေဖြစ်ပါတယ်။

ကျန်တဲ့ website တွေကတော့ ပြောပလောက်တဲ့ ranking level ကိုမရောက်သေးပါဘူး။ တစ်ဝက်လောက်ရှိပါမယ်။ ပြစ်လိုက်ရတဲ့ blog တွေလည်းရှိပါတယ်။

ပြန်ချုပ်ရရင်တော့ SEO စပြီးလေ့လာတော့မယ်ဆိုရင်

၁။ အချိန်ပေးပါ။

၂။ ကျွမ်းကျင်တဲ့သူတွေနဲ့မိတ်ဖွဲ့ပါ။

၃။ လက်တွေ့လုပ်ပါ။ (စာတွေ့ ပဲသိလို့ မရပါဘူး)

၎။ ဘာကြောင့်လုပ်ချင်တာလဲဆိုတဲ့ motivation factor ကိုရအောင်ရှာပါ။ ရှာလို့ မတွေ့ရင် မလုပ်ပါနဲ့ဦး။

You May Also Like

About the Author: aunghein

Leave a Reply

Your email address will not be published. Required fields are marked *