SEO အစိတ်အပိုင်းများ (types of SEO)

ကျွန်တော်တို့ ပြောနေ၊လေ့လာတဲ့ SEO ကို အစိတ်အပိုင်းတွေပြန်ခွဲထားတာရှိပါတယ်။ SEO expert လို့ သတ်မှတ်ထားတဲ့လူတွေမှာ အဲ့ဒီအစိတ်အပိုင်းတွေအားလုံးကို နှံ့ စပ်တဲ့သူရှိသလို တစ်ပိုင်းချင်းဆီကိုပဲအထူးပြုလေ့လာထားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် အဲ့ဒီအပိုင်းတွေ အားလုံးပေါင်းမှသာ SEO ကောင်းတဲ့ website တစ်ခုဖြစ်လာမှာပါ။

အဲ့ဒီအစိတ်အပိုင်းတွေကဘာတွေလဲ။

၃ ပိုင်းရှိပါတယ်။ On page SEO, Off Page SEO, Technical SEO ပါ။

3 Types of SEO
3 types of SEO

(photo Source: https://unamo.com/blog/seo/technical-seo )

On Page SEO

On Page SEO ဆိုတာကတော့ website ပေါ်မှာ ဖန်တီးထားတဲ့ content တွေကို SEO စံနှုန်းများနဲ့ ကိုက်ညီအောင် ပြင်ဆင်ဖန်တီးရတာဖြစ်ပါတယ်။

ဥပမာ content ထဲမှာ ကိုယ်လိုချင်တဲ့ keyword ထည့်ရေးတာမျိုး၊ ပုံတွေမှာ Alt text လေးတွေ ထည့်တာမျိုး၊ H1, H2, H3 Title တွေကို စနစ်တကျအသုံးပြုတာမျိုး၊ meta description ကိုသေချာရေးပေးတာမျိုးတွေဟာ on Page SEO မှာပါဝင်သွားပါတယ်။

Off Page SEO

Off Page SEO ဆိုတာကတော့ website တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး SEO ranking တက်အောင်ဖန်တီးရတာဖြစ်ပါတယ်။ Backlink တွေဖန်တီးပေးရတာပါ။

ကိုယ့် website ကို rank တက်ချင်တယ်ဆိုရင် ကိုယ့် website ထက် rank မြင့်တဲ့အခြား website ဆီကနေ backlink ရအောင်လုပ်တာမျိုးကနေပြီး E-book တွေရေးတာ၊ Forum တွေမှာဝင်ရေးတာ၊ Backlink ရဖို့ အတွက် scholarship တွေပေးတာတွေအထိပါသွားပါတယ်။

ဘာလဲ… Scholarship ပေးတာဆိုတာ????

အချို့ keywords တွေဟာ rank လုပ်ရအရမ်းခက်ခဲ့ပါတယ်။ အချို့  Keywords တွေကျတော့လည်း အရမ်းကို competition ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ဥပဒေပညာရပ်နဲ့ ဆိုင်တဲ့ Keywords တွေဟာ ဈေးများတယ်လို့ ဆိုပါတယ်။

အဲ့ဒီအတွက် အဲ့ဒီkeywords ပါတဲ့website တွေကို rank လုပ်ဖို့ အတွက် တစ်ခါတစ်ရံမှာ ပညာရေး scholarship လိုမျိုး တွေ ပေးကြပါတယ်။

scholarship ဆိုတဲ့အတွက် ကျောင်းသား၊ကျောင်းသူတွေ ကြားထဲမှာ ရှဲကြမယ်၊အဲ့ဒီကနေ ကျောင်းတွေရဲ့ .edu website တွေမှာပါ ရှဲကြတဲ့အခါ scholarship information ကြော်ငြာထားတဲ့ website က .edu website တွေမှာ ဖော်ပြခြင်းခံရပြီး backlink တွေရပါတယ်။

Technical SEO

Technical SEO ဆိုတာကတော့ အပေါ်က SEO ၂ ခုအဆင်ပြေပြေလုပ်နိုင်ဖို့ အတွက် အဓိကအုတ်မြစ်ဖြစ်တဲ့ website တည်ဆောက်ပုံပါပဲ။

Website စပြီးလုပ်ကတည်းက google ရဲ့ crawler တွေအလွယ်တကူ crawler လုပ်နိုင်အောင်၊အရိုးရှင်းဆုံးဖြစ်အောင် တည်ဆောက်ရပါတယ်။ website template ပေါ်မူတည်ပြီး google ရဲ့ crawler နိုင်စွမ်းရည်ကွာသွားပါတယ်။

ကျွန်တော် အခုလုပ်နေတဲ့ blog 6 ခုမှာ ၁ ခုအတွက်သုံးထားတဲ့ template က တော်တော်လေးကောင်းပါတယ်။ ခနလေးနဲ့ crawl and index ဖြစ်သွားတယ်။ အခု ၃ လအတွင်း compete ဖြစ်လွန်းတဲ့ keywords တွေမှာ search position 10 အတွင်းဝင်လာပါတယ်။

ဒါကြောင့် Technical SEO ဆိုတာ SEO ရဲ့အုတ်မြစ်လို့ ဆိုလည်းမမှားပါဘူး။ blog တစ်ခုဖန်တီးတော့မယ်ဆိုရင် template လှတာထက် SEO optimized ဖြစ်လား၊မဖြစ်လားဆိုတာကို လည်း အရေးပေးရွေးချယ်သင့်ပါတယ်။

SEO လေ့လာမယ်ဆိုရင် အထက်ပါ အစိတ်အပိုင်း ၃ ခုစလုံးကို ညီတူညီမျှ လေ့လာဖို့ လိုပါတယ်။ ပြီးမှဘယ်အပိုင်းကို အဓိက ဦးစားပေးသွားမလဲဆိုတာ စဉ်းစားဖို့ လိုပါတယ်။

ကျွန်တော်ဆိုရင် On page SEO နဲ့  Technical SEO ပိုင်းကို ပိုပြီးအလေးပေးဖြစ်ပါတယ်။ Off page SEO အတွက် မြန်မာပြည်မှာ back link ရဖို့ တော်တော်ရုန်းကန်ရပါတယ်။ ကိုယ့် ကို backlink ပေးနိုင်မယ့် သင့်တော်တဲ့ website ရှာရခက်ပါတယ်။

ရှိတဲ့ website တော်တော်များများကလည်း SEO ကို စိတ်မ၀င်စားတဲ့အတွက် backlink တွေဘာတွေ ကို နားမလည်တာအခက်အခဲရှိနေပါတယ်။ နောက်တစ်ခုကတော့ backlink ၀ယ်ဖို့ လည်း ငွေအကုန်မခံနိုင်တာလဲပါပါတယ်။

You May Also Like

About the Author: aunghein

Leave a Reply

Your email address will not be published. Required fields are marked *