SEO လေ့လာဖို့ အတွက် blog တွေ၊youtube channel တွေ၊group တွေအများကြီးရှိပါတယ်။ အဲ့ဒီအများကြီးကို အကုန်လိုက်လေ့လာဖို့ အတွက် အဆင်မပြေပါဘူး။ ဆရာများသားသေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်လေ့လာတဲ့ပုံစံနဲ့ သင့်တော်မယ့် resource တွေကို ရွေးချယ်နိုင်ရပါမယ်။ တစ်ယောက်အတွက် သင့်လျော်ပေမယ့် ကိုယ့်အတွက်ကတော့ သင့်လျော်ချင်မှ သင့်လျော်ပါလိမ့်မယ်။ ဘာလို့ လည်းဆိုတော့ လေ့လာတဲ့ပုံစံ approach မတူလို့ ပါပဲ။
ကျွန်တော် SEO စလေ့လာတုန်းကလည်း youtube video တွေအကုန်လိုက်ကြည့်၊blog တွေအကုန်လိုက်ဖတ်နဲ့ ရွာလည်ခဲ့ပါသေးတယ်။နောက်ပိုင်းမှ ကိုယ့်အတွက်အဆင်ပြေမယ့် resource တွေကို ရှာတွေ့ပြီး အဲ့ဒီတွေကပဲ အဓိကလေ့လာပါတော့တယ်။ တစ်နေရာတည်းကနေ အကုန် လေ့လာဖို့ ခက်ခဲ့ပါတယ်။ ဘာလို့ လည်းဆိုတော့ SEO အပိုင်းအားလုံးကို ကျွမ်းကျင်တဲ့သူ နည်းလို့ ပါ။ On page SEO ကျွမ်းတဲ့သူဆီက On page လေ့လာ၊off page ကျွမ်းတဲ့သူဆီက off page လေ့လာ ဖို့ လိုပါတယ်။
အောက်မှာဖော်ပြထားတာတွေကတော့ ကျွန်တော့်အတွက် အသုံးဝင်ခဲ့တဲ့ resource တွေပါ။
Youtube Channel
Neil Patel Youtube Channel
နာမည်ကျော် marketing သမားဖြစ်တဲ့ Neil Patel ရဲ့ Youtube channel ပါ။ Marketing သမားဆိုတဲ့အတိုင်း သူ့ video တွေတိုင်းမှာ call to action တွေပါပါတယ်။ သူ့ ရဲ့ service ကိုယူဖို့ ၊သူ affilated လုပ်ထားတဲ့ products တွေသုံးဖို့ ပြောထားတာတွေများပါတယ်။ အဲ့ဒီထဲကမှ ကိုယ့်အတွက် သင့်လျော်မယ့် idea နဲ့ point ကို ရယူတတ်ရပါမယ်။
Channel Link: https://www.youtube.com/user/neilvkpatel
Brain Dean ရဲ့ Backlinko
Off page SEO အတွက် အဓိကကျတဲ့ Backlink တွေအကြောင်း တော်တော်စုံလင်ပါတယ်။ Neil Patel ထက်ပိုပြီး စေတနာပါတယ်လို့ ပြောလို့ ရပါတယ်။ (သို့ ပေမယ့် အခြား SEO သမားတွေဝေဖန်တာကတော့ Brain Dean က တခြားလူတွေရဲ့အိုင်ဒီယာတွေကို ကောက်စားပြီး video မှာထည့်ပြောတာမျိုးတွေလုပ်ပြီး နာမည်ကြီးသွားတာလို့ ဆိုပါတယ်) ဘယ်လိုပဲဖြစ်ဖြစ် တော်တော်လေးကောင်းပါတယ်။
Channel link: https://www.youtube.com/user/backlinko
Website
Search Engine Land
SEO အကြောင်း update တွေတော်တော်စုံလင်ပါတယ်။ guides တွေလည်းရှိပါတယ်။
Website link: https://searchengineland.com/
Facebook Group
SEO Signal Lab
နာမည်ကြီး SEO သမားတွေစုနေတဲ့ group ပါ။ Founder ဖြစ်တဲ့ Steven Kang ကိုယ်တိုင်က နာမည်ကြီး SEO သမားတစ်ယောက်ပါ။ ပညာယူရင် ယူနိုင်သလို အကျိုးရှိပါတယ်။ မေးခွန်းတွေမေးလို့ ရပါတယ်။ ဒါပေမယ့် blackhack သမားတွေလည်းရှိပါတယ်။ သတိထားပါ။
Group link: https://www.facebook.com/groups/SEOSignalsLab/
Superstar SEO
SEO signal Lab ပြီးရင် နောက်ထပ်နာမည်ကြီးတဲ့ SEO group ပါ။ Signal Lab လောက်တော့ ဆရာသမားတွေမပေါပါဘူး။
google search မှာ Idiot ဆိုပြီးရိုက်ရှာယင် Trump ပုံပေါ်အောင်လုပ်ခဲ့တဲ့သူတွေအဲ့ဒီ ဂရုထဲမှာရှိပါတယ်။
Group link: https://www.facebook.com/groups/superstarseo/
Blogger Funda ပါ။
ပါကစ္စတန်အခြေစိုက် blogger group ပါ။ SEO အကြောင်းလည်းဆွေးနွေးကြပါတယ်။ ဆရာတွေတော့နည်းပါတယ်။ ၅ ယောက်လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အပေါ်က group ၂ ခုထက်ပိုပြီး အခြေခံကျတဲ့ အဖြေတွေဖြေပေးပါတယ်။
Group link: https://www.facebook.com/groups/bloggersfunda/
အောက်မှာပြထားတာတွေကတော့ ကျွန်တော့် print တွေထုတ်ပြီးလေ့လာခဲ့တဲ့ SEO စာအုပ်တွေပါ