Blogspot Vs WordPress
Blog ရေးချင်တဲ့သူတွေ အတွက် စဉ်းစားရမယ့်အချက်တစ်ခုက ဘာ blog platform သုံးမှာလည်းဆိုတာပါပဲ။ အသုံးအများဆုံး platform ၂ ခုကတော့ Google ရဲ့ product တစ်ခုဖြစ်တဲ့ blogspot နဲ့  wordpress ပါပဲ။
ဒီ post ကို ကျွန်တော့် ကြုံတွေခဲ့တာတွေပေါ်မူတည်ပြီး ရေးမှာပါ။ ဒါကြောင့် အကုန်ပြီးပြည့်စုံချင်မှ ပြည့်စုံပါလိမ့်မယ်။
wordpress မှာ wordpress.org နဲ့ wordpress.com ဆိုပြီး ၂ မျိုးရှိပါတယ်။ wordpress.com က blogspot လိုပဲ hosting သီးသန့် မလိုပါဘူး.. သူ့ ရဲ့ platform ပေါ်မှာကို ကိုယ့် website ကို တင်သုံးလို့ ရပါတယ်။ domain ကတော့ www.aunghein.wordpress.com ဆိုပြီး ရပါလိမ့်မယ်
Blogspot
Blogspot သုံးမယ်ဆိုရင် blogger.com ကနေသွားသုံးလို့ ရပါတယ်။ ကိုယ့်မှာရှိတဲ့ gmail နဲ့ သံုးလို့ ရပါတယ်။ domain ကတော့ ကိုယ်လိုချင်တဲ့ နာမည်နောက်မှာ blogspot.com ဆိုတာပါပါမယ်။ ဥပမာ aunghein.blogspot.com ဆိုတာမျိုးပေါ့။
အဲ့လိုမျိုး blogspot.com ဆိုတာကို မပါချင်ပဲ aunghein.com ပဲဖြစ်ချင်တယ်ဆိုရင် domain ၀န်ဆောင်မှုတစ်ခုကနေ domain ၀ယ်ပြီး blogger ထဲမှာ ထည့်နိုင်ပါတယ်။ အဲ့ဒါဆိုရင်တော့ ကိုယ့် blog က blogspot.com ဆိုတာ ပြုတ်သွားပြီး aunghein.com ဆိုတာမျိုးရလာပါလိမ့်မယ်။
Blogspot သုံးရင် ဘာအားသာချက်တွေရှိမလဲ။
အခမဲ့ပါ။ (Domain ၀ယ်သုံးရင်တော့ domain ဖိုးပေးရပါမယ်)
Hosting ဖိုးမကုန်ပါဘူး။
Security ပိုင်းကို google က တာဝန်ယူထားပါတယ်။ ကိုယ့် Gmail acc hack ခံရတာကိုတော့ တာဝန်မယူပါ။
အသုံးပြုရလွယ်ပါတယ်။ post တွေဖန်တီးရလွယ်ပါတယ်။
Themes တွေ free ရတာများပါတယ်။ free မရယင်တောင်ဈေးပေါပါတယ်။
SEO အပိုင်းပြောချင်ပါတယ်။ Blogspot သုံးရင် google crawler က crawler လုပ်တာမြန်ပါတယ်။ index ဖြစ်တာလည်းမြန်ပါတယ်။ အဲ့ဒီအတွက် search ranking အတွက် အထောက်အကူဖြစ်ပါတယ်။
AdSense အပိုင်းပြောချင်ပါတယ်။ .blogspot.com domain နဲ့ AdSense လျှောက်မယ်ဆိုရင် hosted acc ရပါမယ်။ အဲ့ဒီ blog ပေါ်ပဲသုံးလို့ ရပါတယ်။ domain ၀ယ်ချိတ်ပြီး AdSense လျှောက်မယ်ဆိုရင်တော့ non hosted acc ရပါတယ်။ ကြိုက်တဲ့ website မှာ AdSense ထည့်သုံးလို့ ရပါတယ်။ ကျွန်တော့် blogspot ကို domain ချိတ်လျှောက်ပြီး AdSense ရထားတာပါ။
Blogspot မှာ ဘာအားနည်းချက်တွေရှိလဲ။
Features တွေမစုံပါဘူး။ wordpress လိုမျိုး function အစုံထည့်လို့ မရပါဘူး။ blogspot နဲ့အကောင်းဆုံးလုပ်နိုင်တာ သတင်း website တွေပါ။ Ecommerce website လိုမျိုးတွေ ဖန်တီးဖို့ ခက်ခဲ့ပါတယ်။ directory လိုမျိုးတွေထည့်ဖို့ ခက်ခဲ့ပါတယ်။
Blogspot အတွက် plug in တွေရှားပါတယ်။
အခုခေတ်စားနေတဲ့ Instant article ကို blogspot နဲ့ လျှောက်လို့ ရပါတယ်။ ဒါပေမယ့် wordpress လောက်မလွယ်ပါဘူး။ ပြီးတော့ အလုပ်ပိုရှုပ်ပါတယ်။
WordPress
WordPress သုံးရင် ဘာအားသာချက်တွေရှိလဲ။
Template တွေစုံပါတယ်။ E-commerce website တွေ၊ travel portal တွေ၊ directory website တွေ၊ မျိုးစုံဖန်တီးလို့ ရပါတယ်။
Payment function တွေထည့်လို့ ရပါတယ်။
Plug in တွေမျိုးစုံရှိပါတယ်။ ရှာနိုင်ယင်ရှာနိုင်သလို အသုံးဝင်ပါတယ်။
SEO ပိုင်းပြောပါမယ်။ SEO plug in tools တွေပါပါတယ်။ SEO ကို ဘယ်ကစပြီးလုပ်ရမယ်မှန်းမသိရင် Yoast SEO plug in ထည့်သုံးနိုင်ပါတယ်။ on page SEO အကြောင်းနာလည်လာပါလိမ့်မယ်။
AdSense အတွက်လည်း Features တွေတော်တော်စုံပါတယ်။
WordPress မှာ ဘာအားနည်းချက်တွေရှိလဲ။
WordPress.org သုံးမယ်ဆိုရင် hosting လိုပါတယ်။ အဲ့ဒီအတွက် hosting provider တွေဆီကနေ hosting ၀ယ်သုံးရပါမယ်။ Domain လည်းလိုပါမယ်။ အဲ့ဒီအတွက် hosting မှာ wordpress တင်ပုံတင်နည်း တွေသိဖို့ လိုပါတယ်။ hosting တွေမသုံးတတ်ဖူးဆိုရင် namecheap.com ရဲ့ EasyWP ကိုသုံးလို့ ရပါတယ်။ wordpress hosting တစ်နှစ်စာကို ၉  ဒေါ်လာပါ။ ခလုတ် တစ်ချက် ၂ ချက်နှိပ်လိုက်တာနဲ့ Wordpress website ထွက်လာပါလိမ့်မယ်။
blog တစ်ခု စနစ်တကျဖြစ်ဖို့ ကိုယ်တိုင်ဖန်တီးရပါလိမ့်မယ်။ Security လုံဖို့ ၊ blog speed ကောင်းဖို့ အကုန် ကိုယ်တိုင်စီစဉ်ရပါမယ်။ plug in တွေ သုံးတတ်ရပါမယ်။
ဒါဆို ဘာသုံးသင့်သလဲ။
အစကတည်းက စပြီးစဉ်းစားဖို့ လို ပါတယ်။  blog ပဲအမြဲရေးသွားမှာလား။ ဒါမှမဟုတ် နောက်ပိုင်း affiliated sales ပိုင်းတွေထည့်ချင်တာ၊payment system တွေထည့်ချင်တာမျိုးတွေလိုမှာလား။
Blog မှာ စခဲ့ပြီးမှ wordpress ကို ပြောင်းလို့ မရဘူးလား
ရပါတယ်။ blogspot က website နဲ့ post တွေကို wordpress ကိုပြောင်းလို့ ရပါတယ်။ ဒါပေမယ့် သိပ်တော့မလွယ်ပါဘူး။ Redirect တွေလည်းလုပ်ရပါတယ်။ တစ်ခါတစ်ရံ website level redirect အဆင်ပြေပေမယ့် post တွေမှာ redirect မရတာမျိုးဖြစ်တတ်ပါတယ်။ ကျွန်တော့် ဒီ website က blogspot ကနေ wordpress ကိုပြောင်းထားတာပါ။ post ၂ ခု redirect မရပါဘူး။
အကြံပေးချင်တာကတော့ ကိုယ်က ဘာလုပ်ချင်တာလဲ ဆိုတာကိုစဉ်းစားပြီး ရွေးစေချင်ပါတယ်။ အားသာချက်၊အားနည်းချက်တွေရှိနေလို့ ပါပဲ။
You May Also Like
About the Author: aunghein
4 Comments
  1. Blogspot မှာ မြန်မာစာနဲ့ရေးရင် Adsense မရဘူးဆိုတာဟုတ်ပါသလားခင်ဗျ။
    1. လျှောက်တဲ့အချိန်မှာတော့ မြန်မာစာလုံးဝသုံးလို့ မရပါဘူး….. approve ရပြီးရင်တော့ အချို့ website တွေမှာ font embedded သဘောမျိုးလုပ်ပြီး သုံးနေကြတာတွေ ရှိပါတယ်။ DVB website ၀င်ကြည့်ကြည့်ပါ… သူကတော့ အဆင်ပြေပြေသုံးလို့ ရနေပါတယ်… ဘယ်လိုလုပ်ထားလဲတော့ ကျွန်တော်မသိပါဘူး…
      အခြား website တွေမှာတော့ မြန်မာစာ ပါဝင်တာနဲ့ ကြော်ငြာမပေါ်တော့ပါဘူး
  2. INK for All was mentioned by my boss. I can’t live without it. I’m generating blog posts faster. Now I write more and my work is more visible. You should consider reviewing it.
Leave a Reply
Your email address will not be published. Required fields are marked *