What is SEO? SEO ဆိုတာဘာလဲ?
What is SEO? SEO ဆိုတာဘာလဲ။
SEO SEO နဲ့ပြောနေကြတာတွေ့မှာပါ။ အရှည်ကောက်ကတော့ Search Engine Optimization လို့ ဆိုပါတယ်။
အဓိပ္ဗါယ်ဖွင့်ဆိုကြည့်ရင်တော့ Search Engine ကို ကိုယ့် website ကိုအသိအမှတ်ပြုပြီး အလေးပေးဖော်ပြဖို့ အတွက် website ကို Search Engine ကြိုက်မယ့် ပုံစံပြုပြင်ပြင်ဆင်ရတာလို့ အလွယ်တကူ ပြောလို့ ရပါတယ်။ Search Engine ဆိုတဲ့နေရာမှာ goolge တင်မကပဲ အခြား အရေးပါတဲ့ နှစ်ခုက Bing နဲ့ Yahoo search Engine တွေပါ။
အချို့တွေက website address အတိအကျကြီးကို search Engine မှာရိုက်ထည့်ပြီး website ကြီးကျလာရင် SEO ကောင်းပြီလို့ ထင်တတ်ကြပါတယ်။ ကိုယ့် website address အတိအကျကြီးကို ဘယ်သူကမှ Search Engine မှာရှာနေမှာမဟုတ်ပါဘူး။ ဒါဆို ဘာကိုရှာကြမှာလဲ။
Showing your full website on Google Search is not a SEO.
SEO is not easy like this.
Keywords လို့ ခေါ်တဲ့ စကားစုတွေကိုရှာကြမှာပါ။ ဥပမာ google မှာ Cheap Hotel in Yangon ဆိုပြီး ရိုက်ရှာလိုက်ရင် hotel website တွေ၊travel platform website တွေ၊ hotel booking website တွေပေါ်လာပါမယ်။ အဲ့ဒီလိုပေါ်လာတဲ့အခါမှာ ကိုယ့် website က ထိပ်ဆုံးမှာပေါ်ဖို့ ကိုယ့် website ကို Cheap Hotel in Yangon ဆိုတဲ့ keywords နဲ့ တွဲသိဖို့  google ကို အသိပေးလုပ်ဆောင်ရတဲ့ အချက်တွေအားလုံးဟာ SEO ရဲ့လုပ်ဆောင်ချက်တွေမှာပါပါတယ်။ ဒါဆို SEO ဆိုတာကို အကြမ်းဖျဉ်းနားလည်လောက်ပါပြီ။
SEO စမယ်ဆိုရင် Keywords ရွေးချယ်မှုကအရေးကြီးပါတယ်။ Keywords တွေမှာ တန်ဖိုးရှိပါတယ်။ ဈေးတွေရှိပါတယ်။ ကိုလိုချင်တဲ့ keywords ကို ကိုယ့် website နဲ့တွဲသိဖို့ ပေးဆပ်ရမယ့်အရာတွေရှိပါတယ်။ ပိုက်ဆံတတ်နိုင်ရင် ပိုက်ဆံပေးဆပ်ပါ။ အချိန်တတ်နိုင်ရင် အချိန်ပေးဆပ်ပါ။ နှစ်ခုစလုံးမပေးဆပ်နိုင်ရင်တော့ SEO မလုပ်ပါနဲ့။
Keywords Idea planning from Google Adwords
Keywords Idea planning from Google Adwords
ပိုက်ဆံရှိရင် ဘယ်လိုပေးဆပ်မလဲ။
Keywords တွေကို ၀ယ်လို့ ရပါတယ်။ အလွယ်ပြောတာပါ။ Google Adwords (နောက်ပိုင်း Google Ads ဖြစ်ပါမယ်) မှာ ကိုယ့် website အတွက်လိုအပ်တဲ့ Keywords တွေကို ၀င်ရွေး၊ လေလံပြိုင်ပြီး ကြော်ငြာနိုင်ပါတယ်။ အဲ့လိုကြော်ငြာခြင်းအားဖြင့် ကိုယ့် website ဟာကိုရွေးထားတဲ့ keywords ကိုရှာတဲ့သူရှိရင် google search မှာ Ads ဆိုပြီးပြနေပါလိမ့်မယ်။ အောက်မှာပုံမှာကြည့်ပါ။ Cheap Hotel in Yangon ဆိုတဲ့ keywords ကို အပြိုင်လုပြီး ကြော်ငြာထားတဲ့ website တွေကိုတွေ့ရပါမယ်။
Example of Google Adwords Ads
Example of Google Adwords Ads
အပြိုင်များလေလေ keywords တန်ဖိုးမြင့်လေလေပါ။ လေလံသဘောမျိုး ပြိုင်ရတာပါ။ ကိုယ်က အဲ့ဒီ keywords ရှာတဲ့သူတွေကို ပြဖို့ အတွက် ၄ ဒေါ်လာ နဲ့ဈေးတင်တဲ့အချိန်မှာ ၅ ဒေါ်လာနဲ့တင်တဲ့သူရှိရင် google က ၅ ဒေါ်လာသမားရဲ့ website ကိုဦးစားပေးပြပေးပါလိမ့်မယ်။ သူ့ ကိုနိုင်ချင်ရင်ကိုယ်က ၆ ဒေါ်လာတိုးသုံးပါ။ 🙂
အဲ့လို နည်းနဲ့သုံးရင် ကိုယ့်လိုချင်တဲ့ Keywords ဟာ တဖြည်းဖြည်းနဲ့ကိုယ့် website နဲ့ချိတ်ဆက်မိလာနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ SEM (Search Engiene Marketing) ပါ။ SEO မဟုတ်ပါဘူး။
SEO အတွက်လည်းပိုက်ဆံတွေသုံးရပါတယ်။ SEO tools တွေကဈေးများပါတယ်။ နောက်တစ်ခုကတော့ Backlink ဆိုတာတွေ ၀ယ်ရတာပါ။ ကိုယ့် website link ကို အခြား နာမည်ကြီး website တစ်ခုကသူတို့ content ထဲမှာ ထည့်ပေးတာကို backlink ပေးတယ်လို့ ခေါ်ပါတယ်။ အဲ့လိုထည့်ဖို့ အတွက် အဲ့ဒီ နာမည်ကြီး (High authority) website တွေကို ပိုက်ဆံပေးရပါတယ်။ အဲ့လိုတွေများများလုပ်နိုင်ရင် ကိုယ့်ရဲ့ website rank က တက်လာပါတယ်။
1000 USD budget to get backlink in New York Time
1000 USD budget to get backlink in New York Times
အလန်းစား content တွေဖန်တီးရပါမယ်။ content writer တွေအပ်ရပါမယ်။
ပိုက်ဆံမသုံးပဲ အချိန်သုံးမယ်။
ရပါတယ်။ keywords တစ်ခုကို ရဖို့ အတွက် အဲ့ဒီ keywords နဲ့ဆိုင်တဲ့ content မျိုးစုံကို ကိုယ့် website ပေါ်မှာ ဖန်တီးရပါမယ်။ ဥပမာ ဘူးသီးဆိုတဲ့ keywords နဲ့ကိုယ့် website ကို rank တင်ချင်တယ်ဆိုပါစို့ ။ ကိုယ့် website မှာ ဘူးသီးနဲ့ဆိုင်တဲ့ဆောင်းပါးတွေမျိုးစုံရေးဖို့ လိုပါတယ်။
ဥပမာ ဘူးသီးကြော်နည်း၊ ဘူးသီးဟင်းချက်နည်း၊ ဘူသီးသနပ်လုပ်နည်း၊ ဘူးသီးရဲ့ကျန်းမာရေးအတွက်အားသာချက်၊ ဘူးသီးအစားများရင်ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုး၊ဘူးသီးရေဗူးလုပ်နည်း၊ အစရှိသဖြင့်ပေါ့။
ပြီးရင် On page SEO ကောင်းဖို့ လိုပါတယ်။ Technical SEO ပါ။ SEO content ကောင်းတစ်ခုဖြစ်ရမယ့်နည်းလမ်းတွေလိုက်နာကျင့်သုံးရပါမယ်။
Backlink ကို သူတောင်းစားတောင်းသလိုလိုက်တောင်းရပါမယ်။ အသီးမျိုးစုံအကြောင်းရေးတဲ့ authority website တွေကို email outreach လုပ်ပြီး ကိုယ့် website ကိုသိအောင်ပြောပေးရမယ်။ backlink လေးထည့်ဖို့ တောင်းဆိုကြည့်ရမယ်။
အခြားအခြားသော backlink ရနိုင်တဲ့ နည်းပေါင်း ၁၀၀၀ကျော်အတိုင်းလိုက်နာရတော့မယ်။
အကယ်လို့ များ ကိုယ့် website content က ဆရာအရမ်းကျနေရင်တော့ backlink တွေကအလိုလိုရောက်လာပါလိမ့်မယ်။
အဲ့ဒီလိုမျိုးအချိန်တွေအတိုင်းအတာတစ်ခုအထိပေးဆပ်မယ်ဆိုရင်တော့ သင့်ရဲ့ website က keyword တစ်ခုအတွက် rank ကောင်းတဲ့အနေအထားရောက်လာနိုင်ပါတယ်။ ဒါတောင်အရမ်း competition များတဲ့ keywords တွေကိုရနိုင်ဖို့ ခဲယဉ်းပါတယ်။
ပိုက်ဆံနဲ့အချိန် မျှသုံးပါမယ်။
ကျွန်တော်အခုလုပ်နေသလိုပေါ့။
Content အတွက် content writers တွေကိုအပ်ပါတယ်။ ကိုယ်တိုင်လည်းရေးပါတယ်။ လက်ရှိ blog ၄ ခုကို SEO လုပ်နေပါတယ်။ တစ်ပတ်ကို blog ၄ ခုအတွက် content ၁၀ ပုဒ်လောက်ဖန်တီးရပါတယ်။
SEO tools ၀ယ်မသုံးနိုင်ပါဘူး။ ဈေးအပေါဆုံးက တစ်လ ဒေါ်လာ ၁၀၀ ပါ။ အဲ့ဒီအတွက် tools တစ်ခုနဲ့ပြီးရမယ့် အရာတွေကို အခြား free tools ၇ ခုလောက်ပေါင်းပြီးသုံးကြည့်ပါတယ်။
Backlink တွေ မ၀ယ်နိုင်ပါဘူး။ အဲ့ဒီအတွက် ညတိုင်း တစ်နာရီလောက်အချိန်ပေးပြီး ကိုယ့် website နဲ့ကိုက်ညီမယ့် authority website တွေကို လေ့လာပါတယ်။ email outreach တွေလုပ်ပါတယ်။ Forum တွေမှာ ၀င်ဆွေးနွေးပြီး ကိုယ့် website ကို သိအောင် လုပ်ပါတယ်။
This is how I contributed
How I contributed to forum and Quora
On page SEO ကို ဦးစားပေးလုပ်ပါတယ်။ ကိုယ့် website ကို SEO check လုပ်ရင် On page SEO အမြဲကောင်းနေဖို့ ပြင်ဆင်ပါတယ်။
SEO ကောင်းလာရင် ဘာဖြစ်မလဲ။
သူဌေးဖြစ်တာပေါ့။ လူတွေပြောပြောနေတဲ့ passive income တွေရလာနိုင်တာပေါ့။
ဥပမာ သင့် website က ဘူးသီးကြော်ဆိုတဲ့ keywords နဲ့ရှာလိုက်ရင် ထိပ်ဆုံးမှာပေါ်လာပြီဆိုပါစို့ ။ ဒါဆို ဘူးသီးကြော်ဆိုင်တွေကို လိုက်ဆက်သွယ်ပြီး သင့် website မှာ ကြော်ငြာထည့်ဖို့ ကမ်းလှမ်းလို့ ရပီ။
ဘူသီးကြော်ဆိုင်တွေအကြောင်း review မှာ ဆိုင်ကြော်ငြာတွေထည့်ရေးပေးလို့ ရပြီ။ ဘူးသီးကြော်ဆိုင်က ကူပွန်တွေကို သင့် website ကတဆင့် Affiliated သဘောမျိုးသွားလို့ ရပြီ။
သင့် website မှာ ဘူးသီးခြောက်ဗူးတွေ ရောင်းလို့ ရပြီ။ 🙂
Google AdSense ကြော်ငြာထည့်ထားပြီး ကြော်ငြာခတွေယူနိုင်ပါပြီ။
နောက်လုပ်နိုင်တာအများကြီးရှိပါသေးတယ်။
စိတ်ပါရင် ဆက်ရေးပါမည်။ 🙂
Post တင်တိုင်းသိချင်တယ်ဆိုရင် Subscribe လုပ်ထားနိုင်ပါတယ်။
You May Also Like
About the Author: aunghein
1 Comment
  1. စိတ်ဝင်စားပေမယ့် သိပ်နားမလည်သေးဘူး ပိန်းလို့ထင်ပါတယ်?
Leave a Reply
Your email address will not be published. Required fields are marked *