AdSense Approve ရပြီးလျှင်ရပြီးခြင်း လုပ်ရမည့်အရာများ
အရင်အပတ်က AdSense လျှောက်ရာမှာ အထောက်အကူပြုမယ့်အချက်များကို ရေးသားခဲ့ပါတယ်။ အခုရေးချင်တာကတော့ AdSense approve ရပြီးဆိုလျှင်အရေးတကြီးလုပ်စရာများရှိပါတယ်။ အဲ့ဒါတွေကို အချိန်မှီပြုလုပ်ဖို့ လိုပါတယ်။ မဟုတ်လျှင် ကျွန်တော်တိုင်ပတ်သလို တိုင်ပတ်ပါလိမ့်မယ်။
Address Verification
AdSense စလျှောက်ပြီးဆိုရင် အကောင့်ပိုင်ရှင်နာမည်နဲ့လိပ်စာထည့်ပေးရပါတယ်။ အဲ့ဒီတုန်းက အမှုမဲ့အမှတ်မဲ့ ကိုယ့်နာမည်ရင်းကိုမထည့်မိပဲ အိမ်နာမည်ကိုပဲထည့်တာဖြစ်ဖြစ် nick name ကိုပဲထည့်တာဖြစ်ဖြစ်လုပ်မိတတ်ပါတယ်။ ပြီးတော့ လိပ်စာကိုလည်းအပြည့်အစုံမရေးပဲ ရပ်ကွပ်နာမည်၊ လမ်းနာမည်လောက်ပဲရေးလိုက်တာမျိုးဖြစ်တတ်ပါတယ်။
AdSense approve ရပြီဆိုတာနဲ့ အရင်ဆုံးလုပ်ရမှာက အဲ့ဒီ လိပ်စာကို စစ်ဆေးရမှာပါ။ ဘာလို့ လည်းဆိုတော့ AdSense ကနေပိုက်ဆံစ၀င်ပြီး 10 USD ပြည့်တာနဲ့ google ကနေ ကိုယ့်ရဲ့လိပ်စာကို verify လုပ်ဖို့ အကောင့်ဖွင့်စမှာထည့်ထားတဲ့ နာမည်နဲ့ လိပ်စာကို pin ပါတဲ့ စာအိတ်ပို့လိုက်ပါတယ်။ အဲ့ဒီမှာ အကောင့်စပြီးဖွင့်ခဲ့တုန်းက လိပ်စာမပြည့်စုံတာ၊ နာမည်မှားနေတာမျိုးဖြစ်ခဲ့ရင် အဲ့ဒီ pin က မရောက်လာတော့ပါဘူး။ ဒါကြောင့် 10 USD မပြည့်ခင် လိပ်စာကို သွားစစ်ဆေးပြီး ပြင်စရာရှိပြင်ထားဖို့ လိုပါတယ်။
Source: Shout me out
Adress ပြင်လို့ ရတဲ့နေရာကို အောက်မှာပြထားပါတယ်။
Where can I change AdSense account address?
တကယ်လို့ လိပ်စာအမှားကို ပထမဆုံးတစ်ကြိမ်မှားပို့ မိလိုက်တယ်ဆိုရင်စိတ်မပူပါနဲ့။ နောက်ထပ် ၂ ကြိမ်အခွင့်အရေးရှိပါသေးတယ်။ ဒါပေမယ့် ပထမဆုံး pin ပို့ ပြီး ၃ ပတ်ကျော်မှသာ ဒုတိယ pin ကို ထပ်ပို့ ခိုင်းလို့ ရပါတယ်။ (ဒုတိယ pin ကိုထပ်ပို့ ခိုင်းပြီးမှ ပထမ pin ရောက်လာရင်လည်း အဲ့ဒီ pin ကို သုံးလို့ ရပါတယ်။ ဘာလို့ လည်းဆိုတော့ ၃ ခါစလုံးပို့ မယ့် pin code ဟာ အတူတူပဲမို့ လို့ ပါ)
အဲ့ဒီလိပ်စာနဲ့နာမည်ဖြည့်တဲ့နေရာမှာ နောက်တစ်ခုအရေးကြီးတာက နာမည်ပါ။ pin ပို့ လိုက်တာကိုလက်ခံမည့်လူနာမည်နှင့် နောက်တဆင့်တွင် ဖြည့်ရမည့် bank account မှာပါသည့် နာမည်သည် အတူတူဖြစ်ရပါမည်။
Payment Method
Pin code ကိုယ့်ဆီကိုရောက်လာပြီး pin code ဖြင့် AdSense account ကို verify လုပ်ပြီးပြီဆိုပါက နောက်တဆင့်ထပ်လုပ်စရာရှိပါတယ်။ အဲ့ဒါကတော့ ငွေလက်ခံဖို့ အတွက် အချက်အလက်များဖြည့်ရတာပါ။ နိုင်ငံပေါ်မူတည်ပြီး primary payment method ကွားခြားပါတယ်။
ဥပမာ ထိုင်းနိုင်ငံ၊အမေရိကန်နိုင်ငံ၊စင်ကာပူနိုင်ငံတို့ မှာဆိုရင် default payment method က bank wire transfer ပါ။  အဲဒါအတွက် ကိုယ့်ဖက်က Bank information ပေးရပါတယ်။ အရိုးရှင်းဆုံး၊အမြန်ဆုံးနဲ့စိတ်ချရတဲ့ method ပါ။
အခြားရနိုင်တဲ့ methods တွေကတော့ Electronic wire transfer၊ Check၊ Western Union quick cash တို့ ဖြစ်ပါတယ်။ အဲ့ဒါတွေက ကိုယ်အကောင့်လျှောက်တဲ့နိုင်ငံပေါ်မှာမူတည်ပါတယ်။
နိုင်ငံတိုင်းမှာ မရပါဘူး။ Default payment method ကို မရွေးပဲတခြား method ရွေးမယ်ဆိုရင်လည်း ဘာကြောင့်လည်းဆိုတာအကြောင်းပြချက်ပေးရပါတယ်။
အသေးစိပ်ကို ဒီမှာဖတ်နိုင်ပါတယ်။ https://support.google.com/adsense/answer/2850006
အဲ့ဒီလို payment method အချက်အလက်ဖြည့်ရတဲ့နေရာမှာ နာမည်ဖြည့်ရပါတယ်။ အဲ့ဒီနာမည်နဲ့ pin verify လုပ်ထားတဲ့နာမည်တူဖို့ လိုပါတယ်။ မတူရင်တိုင်ပတ်ပါလိမ့်မယ်။
(ဒါကြောင့် အချို့AdSense acc ရောင်းတာတွေရှိပါတယ်။ အဲ့ဒီအခါမှာ Pin verify မလုပ်ခင် အကောင့်ကို ၀ယ်ဖို့ လိုပါတယ်။ အဲ့ဒါမှ verify နာမည်နဲ့ လိပ်စာကို ကိုယ့်နာမည်နဲ့လိပ်စာပြင်လို့ ရအောင်ပါ၊pin verify လုပ်ပြီးသား အကောင့်ကို ၀ယ်မိရင် bank info ထည့်တဲ့နေရာမှာတိုင်ပတ်ပါလိမ့်မယ်)။
Payment method ထည့်ပြီးပြီဆိုလျှင် Google က အဲ့ဒီ payment မှန်မမှန် စစ်ဆေးပါလိမ့်မယ်။ တစ်ခါတစ်ရံ bank ကရတဲ့ information နဲ့  ကိုယ်ပေးထားတဲ့ information ကွာနေတယ်ဆိုရင် ကိုယ့်ဖက်ကိုအချက်အလက်တွေထပ်တောင်းပါလိမ့်မယ်။
ဥပမာ bank မှာက အကောင့်နာမည်ကို Mister David လို့ ရေးထားတယ်။ AdSense account ထဲမှာက David လို့ ပဲပါတယ်။ အဲ့လိုလွဲရင်တောင် အချက်အလက်ထပ်တောင်းတတ်ပါတယ်။
(အထူးသဖြင့်အာရှနိုင်ငံများက လျှောက်တဲ့သူတွေကို ထပ်တောင်းလေ့ရှိပါတယ်။ fake account တွေများလို့ ပါ)။ ထပ်တောင်းတဲ့အချက်အလက်တွေမှာ ကွာနိုင်ပါတယ်။
တစ်ခါတစ်ရံမွေးနေ့ သက္ကရာဇ်၊ လိပ်စာ၊ ကိုယ့်ရဲ့မိခင်နိုင်ငံလောက်ဖြည့်ရင်လုံလောက်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကိုယ်လက်ရှိလျှောက်ထားတဲ့လိပ်စာမှာနေထို်င်ကြောင်းကို သက်သေပြဖို့ အတွက် မီတာဆောင်ထားတဲ့စာရွက်တွေ၊ လိပ်စာနဲ့ကိုယ့်နာမည်တွဲဖော်ပြထားတဲ့အချက်အလက်တွေတောင်းတတ်ပါတယ်။
Bank information တွေအားလုံးအဆင်ပြေလို့ goolge ကလက်ခံလိုက်ပြီဆိုရင်တော့ အားလုံးအဆင်ပြေပါပြီ။
နောက်တစ်ဆင့်လုပ်ရမှာကတော့ AdSense ရဲ့ policy တွေကို သိရှိအောင်ဖတ်ထားဖို့ လိုပါတယ်။ ဒါမှ ကိုယ်ခက်ခက်ခဲခဲရခဲ့တဲ့အကောင့် disabled ဖြစ်ခြင်းမှရှောင်ကြဉ်နိုင်မှာပါ။
You May Also Like
About the Author: aunghein
Leave a Reply
Your email address will not be published. Required fields are marked *