SEO စစလေ့လာတဲ့သူတွေ မှားတတ်တဲ့ အရာတစ်ခုက EMD လို့ ခေါ်တဲ့ Exact Match Domain ပါ။
Exact Match Domain ဆိုတာ ဘာကိုခေါ်လဲဆိုတော့ အရှာများတဲ့ Keywords တွေနဲ့ တစ်ထပ်တည်းကျတဲ့ domain နာမည်တွေပါ။
ဥပမာ cheapmobilephone.com, makingmoneyonline.com ဆိုတာမျိုးတွေပေါ့။
2012 မတိုင်ခင်ကတော့ Exact Match Domain တွေက တော်တော်အလုပ်ဖြစ်ခဲ့ပါတယ်။ Blackhat SEO သမားတွေဆိုရင် website ranking တက်ဖို့ exact match domain တွေပဲ ၀ယ်ပြီး ranking ကိုဆွဲတင်ကြပါတယ်။ website ထဲမှာ content quality မကောင်းပေမယ့် exact match domain အစွမ်းနဲ့ search result မှာ ranking တွေကောင်းကုန်ကြပါတယ်။
အဲ့ဒါကို သိတဲ့ google ဟာ 2012 မှာတော့ Exact match domain တွေကို အကုန် ဆွဲစိပါတယ်။ ranking တွေချပစ်လိုက်တယ်။ အရင် Google first page မှာ ရောက်နေတဲ့ website က page 20 လောက်ကိုရောက်သွားကြတယ်။ တော်တော်များများလည်း ဘ၀ပျက်ကုန်တယ်။
တစ်ချို့ exact match domain ယူထားတဲ့ website တွေက Authority ကောင်းပြီး တကယ်မှန်ကန်တဲ့ website တွေပါပါတယ်။ အဲ့ဒီ website တွေပါ rank တွေကျကုန်လို့ Google ကို complain တွေတက်ကျပါတယ်။
အဲ့ဒီနောက်ပိုင်းတော့ Google က Exact Match domain ပေါ်လစီကို အနည်းငယ်လျော့ပေးလိုက်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ Exact Match Domain သုံးချင်သုံးလို့ ရတယ်။ ဒါပေမယ့် website ထဲမှာရှိတဲ့ content တွေဟာ quality ပြည့်မှီတဲ့ content တွေဖြစ်ရပါမယ်။ အဲ့ဒါဆိုရင်တော့ Exact Match Domain သုံးထားပေမယ့် ranking ကောင်းနေတဲ့ website တွေ ဖြစ်နိုင်ပါတယ်။
အဲ့လိုမှမဟုတ်ပဲ Exact match domain လည်းသုံးမယ်၊ content quality ကလည်း ညံ့မယ်ဆိုရင်တော့ Google မှာ rank ရဖို့ ခက်ပါမယ်။
ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သင်ခန်းစာပဲဖြစ်ပါတယ်။ Exact Match domain အကြောင်းမသိခင်အချိန်က domain စဉ်းစားရင် keywords တွေပါတဲ့ domain တွေကို အဓိက ဦးစားပေးစဉ်းစားခဲ့တယ်။
အဲ့ဒီအတွက် ပစ်လိုက်ရတဲ့ domain တွေအများကြီးပါ။ SEO ဘယ်လောက်လုပ်လုပ်မတက်တဲ့ domain တွေပါ။ content ကိုလည်းအကောင်းဆုံးထားရေးပေမယ့် အခြား website တွေလောက် မတက်တာတွေ့ရပါတယ်။
ဥပမာ www.thingyanfestival.com ပါ။ ကျွန်တော့် website ပါ။ ဒါပေမယ့် Exact Match domain ကြီးကို သွားဝယ်မိတဲ့အတွက် အခုထိ ranking မတက်ပါဘူး။ အဲ့လိုပဲ တခြား website တွေလည်းရှိပါတယ်။
ဒါပေမယ့် တစ်ချို့website တွေကတော့ content ကို သေချာဂရုစိုက်လိုက်တဲ့အခါမှာ EMD ဖြစ်ပေမယ့် ranking တက်လာတာတွေလည်းကြုံရပါတယ်။
အကျဉ်းချုပ်ရရင်တော့ domain name စဉ်းစားတဲ့အခါမှာ popular keywords နာမည်အတိအကျတွေပါတဲ့ Domain တွေကို ရှောင်ဖို့ လိုပါတယ်။