Negative SEO ဆိုတာဘာလဲ???

SEO မှာ positive SEO ဆိုတာရှိသလို Negative SEO ဆိုတာလည်းရှိပါတယ်။

Postitive SEO ကတော့ ကိုယ့် website ကို ranking တက်အောင်တဲ့နည်းလမ်းတွေပေါ့။

ဒါဆို Negative SEO ကတော့ ဘာလုပ်တာလဲ။

တခြားသူရဲ့ website ကို ranking ကျအောင်လုပ်တဲ့နည်းလမ်းပါ။ Black Hat နည်းလမ်းတွေသုံးပြီး rank ကောင်းနေတဲ့ website တစ်ခုကို ဆွဲချတာဖြစ်ပါတယ်။

Black Hat နည်းလမ်းဆိုပေမယ့် အချို့ သော SEO company တွေမှာတောင် အဲ့ဒီဝန်ဆောင်မှုမျိုးသီးသန့် ပေးတာရှိပါတယ်။

Negative SEO နည်းလမ်းတွေမျိုးစုံရှိပါတယ်။ အလွယ်ဆုံးနည်းကတော့ target website ကို ranking နိမ့်တဲ့၊ quality မကောင်းတဲ့၊ google က spam လို့ သတ်မှတ်ထားတဲ့ website တွေကနေ backlink တွေအများကြီး ကျွေးလိုက်တာပါပဲ။ Porn ဆန်ဆန် website တွေကနေ သင့် website ကို Backlink တွေရနေပြီဆိုရင်တော့ ဒါဟာ negative SEO attack ဖြစ်နေပြီလို့ ဆိုရပါမယ်။

spammy backlink တွေအများကြီးရှိနေပြီးဆိုရင် google က သင့်website ကို Penality ပေးပါတယ်။ rank ချပစ်ပါတယ်။ အဲ့ဒါကိုမှသင်က သတိမထားမိပဲ ဆက်လွှတ်ထားရင် google search မှာလုံးဝမပေါ်အောင် ပိတ်လိုက်ပါလိမ့်မယ်။

နောက်နည်းလမ်းကတော့ ပိုခက်ပါတယ်။ သင့် server ထဲကို ဟက်ပြီး website ထဲမှာ code တွေမသိမသာထည့်ထားတာပါ။ အဲ့ဒီ code တွေကြောင့် သင့် website က လိုချင်တဲ့လုပ်ဆောင်ချက်တွေမလုပ်နိုင်တာမျိုး၊ သင့် website ကနေတဆင့် porn website တွေဆီကို redirect တွေထွက်သွားတာမျိုးတွေ လုပ်ကြတာပါ။

Negative SEO ကို သီးသန့် ၀န်ဆောင်မှုပေးတဲ့ SEO service တွေလည်းရှိပါတယ်။

အဲ့ဒီထဲကမှ ကြောက်စရာကောင်းတဲ့ ၀န်ဆောင်မှုတစ်ခုကတော့ ပြန်ပေးဆွဲငွေညှစ်တဲ့ပုံစံပါ။ သင့် website ကို backlink တွေနဲ့  SEO attack လုပ်ပါတယ်။ ပြီးတာနဲ့ သင့်ဆီကို email ပို့ ပြီး ဒီ backlink တွေကို ဖြုတ်ပေးမယ်။ ဘယ်လောက်ပေးရမယ်ဆိုပြီး ငွေညှစ်ပါတယ်။ ကိုယ့်အနေနဲ့က အဲ့ဒီ backlink တွေကို ဖြုတ်ဖို့ နည်းပညာမနိုင်ဘူးဆိုရင် သူတို့ ငွေညှစ်တာကို ခံရင်ခံ၊ မခံရင် website ကို ပစ်ရမယ့်သဘောဖြစ်သွားပါပြီ။ အဲ့ဒါတွေကို ဖြုတ်ပစ်ဖို့ ဝန်ဆောင်မှုအပ်ရင်လည်း သူတို့ ကိုပေးရမယ့် ငွေထက်ပိုမို ကုန်ကျတာတွေ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ အချို့အပေါစား SEO agency တွေလုပ်တက်ပါတယ်။ အပ်တုန်းကတော့ positive SEO အတွက်အပ်တာပါ။ website လည်း ranking ကောင်းသွားလို့ သူတို့ ဝန်ဆောင်မှုလည်းထပ်မယူဒါမျိုး၊ နောက် agency ပြောင်းသွားတာမျိုးမှာ အစက positive SEO အတွက် သုံးခဲ့တဲ့ high quality backlink တွေကို ဖြုတ်ချပြီး negative backlink တွေထည့်ပေးလိုက်တာပါ။

ဒါကြောင့် SEO world မှာလည်း သတိထားစရာတွေရှိပါတယ်။ SEO သမားတော်တော်များများဟာ သူတို့ ကိုင်ထားတဲ့ site တွေကိုဘယ်တော့မှမပြောပါဘူး။ အဲ့ဒီလိုပဲ သူတို့ ရဲ့နည်းလမ်းတွေကိုလည်း ပြောပြလို့ မရှိပါဘူး။

You May Also Like

About the Author: aunghein

Leave a Reply

Your email address will not be published. Required fields are marked *