Black Hat Vs White Hat SEO
Gray Hat SEO
SEO မှာလည်း hacking နည်းတူ Black Hat Vs White Hat SEO ဆိုပြီးခွဲခြားထားတာရှိပါတယ်။
Search Engine မှာ Ranking ကောင်းဖို့ အတွက်အသုံးပြုတဲ့နည်းလမ်းပေါ်မူတည်ပြီး Black hat နဲ့ White hat ကွာခြားတယ်လို့ ဆိုကြပေမယ့် ရည်ရွယ်ခြင်းလည်း ကွာခြားပါတယ်။
Back Hat သမားတွေကတော့ website ကို SERP မှာ မြန်မြန်တက်အောင်လုပ်ပြီး ပိုက်ဆံမြန်မြန်ရဖို့ ရည်ရွယ်ကြပါတယ်။
White hat သမားတွေကတော့ နည်းလမ်းမှန်အတိုင်းသွားပြီး အချိန်ပေးကာ Search engine မှာ rank ရအောင်လုပ်တာဖြစ်ပါတယ်။ ရေရှည်အတွက်ကြည့်ကြပါတယ်။
Search Engine တွေဖက်ကလည်း SEO နည်းလမ်းတွေကို အမြဲစစ်ဆေးနေပါတယ်။ Black hat နည်းလမ်းတော်တော်များများကို ပိတ်ပင်အပြစ်ပေးလေ့ရှိပါတယ်။
ဒါပေမယ့်လည်း Black Hat သမားတွေမှာ နည်းလမ်းအသစ်တွေက ပေါ်လာစမြဲပါပဲ။ Black Hat နည်းလမ်းသုံးမိလို့ google က မိသွားရင်ဘာဖြစ်နိုင်လဲဆိုတော့ ကိုယ့် website ကို search Engine မှာ ရှာလို့ မရတော့သည်အထိ အပြစ်ပေးနိုင်ပါတယ်။
ဒါကြောင့်မို့ လို့ ကိုယ်သုံးနေတဲ့ SEO နည်းလမ်းက ဘယ်နည်းလမ်းဖြစ်တယ်ဆိုတာကို သိဖို့ လိုပါတယ်။ Black hat နည်းလမ်းတွေထဲကမှ goolge က သိပြီးသားနည်းလမ်းကို သွားသုံးမိရင် အပြစ်ပေးခံရနိုင်ပါတယ်။
Black Hat နည်းလမ်းသုံးမယ်ဆိုရင် အမြဲupdate to date ဖြစ်ဖို့ လိုပါတယ်။ 2017 လောက်က နည်းလမ်းကို အခုလာသုံးရင် ချက်ချင်း မိသွားနိုင်ပါတယ်။
Black Hat နည်းတွေ ဘာတွေရှိသလဲ။
အများကြီးပါ။ SEO မှာ နာမည်ကြီးတဲ့ Neil Patal သုံးခဲ့တဲ့ black hat နည်းလမ်းတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ နာမည်ကြီး wordpress theme တွေကို အပြီးအပိုင်ဝယ်လိုက်ပြီး အဲ့ဒီ theme တွေမှာ သူ့ website link ထည့်ပြီး အခြားသူတွေသုံးဖို့ အခမဲ့ပေးလိုက်တာပဲဖြစ်ပါတယ်။
အဲ့ဒီ theme သုံးတဲ့ website တိုင်းက backlink တွေ သူ့ website ဆီကိုရောက်ပြီး အချိန်တိုအတွင်း သူ့ website rank တက်ခဲ့ပါတယ်။ ဒါပေမယ့် goolge က ဒါကိုသိသွားပြီး penalized လုပ်ခဲ့ပါတယ်။
Keyword stuffing, Link Farms, Hidden text တွေဟာ လူသုံးများတဲ့ black hat နည်းလမ်းတွေဖြစ်ပါတယ်။
Hidden Text ဆိုတာကတော့ blog မှာ keywords စာလုံးကို theme အရောင်နဲ့ တူအောင်ထားပြီး ဖျောက်ထားတာပါ။
blog reader တွေအနေနဲ့ ကတော့ အဲ့ဒီ keywords ကို မမြင်ရပေမယ့် search Engine ကတော့ မြင်ပြီး rank မှာတင်ပေးလိုက်ပါတယ်။ အဲ့ဒီkeywords က blog နဲ့ဆိုင်တဲ့ keywords ဟုတ်ချင်မှဟုတ်မှာပါ။
Cloaking ဆိုတာလည်းရှိပါတယ်။
ဒါကတော့ website မှာပြထားတဲ့ content ကတစ်မျိုး ၊search Engine ကို ပြတဲ့ content ကတစ်မျိုး လုပ်ထားပြီး google crawler spider ကို လှည့်စားထားတာပဲဖြစ်ပါတယ်။
Black Hat SEO ကို အကျဉ်းချုပ်ရယင်တော့ သူ့ ရဲ့ နည်းလမ်းတွေဟာ blog readers တွေကို ဦးတည်တာမဟုတ်ပဲ Search Engine ကိုဦးတည်ပြီးလုပ်ထားတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။
White Hat SEO
White Hat SEO ကတော့ Search Engine က သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းလိုက်နာတဲ့ SEO နည်းလမ်းတွေကို သုံးတာဖြစ်ပါတယ်။
အချိန်ပေးရပါတယ်။ ဒါပေမယ့် Google ရဲ့ အပြစ်ပေးခံရခြင်းမှရှောင်ရှားနိုင်ပြီး ကိုယ့် website ranking ကို ထိပ်ဆုံးမှာ အချိန်ကြာကြာမြဲနေစေပါတယ်။ ကျွန်တော့် blog မှာရေးထားတဲ့အကြောင်းအရာတွေဟာ White Hat SEO နည်းလမ်းတွေပါ။
White Hat နဲ့ Black Hat ကြားက Gray Hat
Lord of war ရုပ်ရှင်မှာ Nicolas Cage ပြောထားတာရှိပါတယ်။ ” white, being legal, black, being illegal, and my personal favorite color, *gray*.”
Gray Hat SEO
My favorite color is Gray
SEO မှာလည်း တစ်ခါတစ်လေ White Hat နဲ့ Black Hat ကြားက Gray Hat ကို သုံးရင်သုံးသင့်ပါတယ်။ Google က Penalized လုပ်ရလောက်အောင်လည်း risk မများ၊ white hat ကိုလည်း နည်းနည်း modified လုပ်ထားတဲ့ SEO နည်းလမ်းတွေဖြစ်ပါတယ်။
Rank တွေ၊back link တွေအများကြီးရထားတဲ့ old domain တွေကိုလိုက်ဝယ်ပြီး အဲ့ဒီ domain တွေကနေ ကိုယ့် website ကို link လုပ်တာမျိုး၊ expired ဖြစ်ခါနီး domain တွေကို ပိုင်ရှင်ဆီကနေ၀ယ်ပြီး link တွေအားလုံးကို ကိုယ့်ဆီကို redirect လုပ်ခဲ့တာမျိုးတွေဟာ Gray Hat နည်းလမ်းထဲမှာပါပါတယ်။
အခြားအခြားသော Gray Hat နည်းလမ်းတွေအပုံအပင်ရှိသေးပေမယ့် တော်တော်များများကတော့ ဖော်ပြလေ့မရှိပါ။ Penalized ဖြစ်ခါနီး အခြေအနေရှိတဲ့ နည်းလမ်းတွေကို သာ ဖော်ပြလေ့ရှိပါတယ်။ 🙂
ဒါတွေကတော့ White Hat SEO, Gray Hat SEO နဲ့ Black Hat SEO အကြောင်းတွေပါပဲ။
You May Also Like
About the Author: aunghein
Leave a Reply
Your email address will not be published. Required fields are marked *